နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာ့ရိုးရာ အတာ သင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊လေ) မိသားစု ရေကစား မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ဖွင့်လှစ်
နေပြည်တော်၊ အေပြီ - ၁၃
သင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာပွဲတော်များတွင် နှစ်ဦးတွင်အစောဆုံးကျင်းပ သောပွဲတော်ဖြစ်သည့်အပြင် ရေပက်ကစားရသော ပွဲတော်ဖြစ်သည့်အတွက် ထူးခြား လှသည်။ သင်္ကြန်ဆိုသည်မှာ ကူးပြောင်းခြင်းဟု အဓိပ္ပယ်ရသည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသောအဓိပ္ပယ်ဖြစ်သည်။ သင်္ကြန်ကို အတာသင်္ကြန် ဟုလည်း ခေါ်သည်။ အတာသည်လည်းနှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းခြင်းဟူ၍ပင် အဓိပ္ပယ် ရသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို ရေစင်ရေသန့်တို့နှင့် ပက်ဖျန်းခြင်းကြောင့် စိတ်ကိုကြည်လင်အေးမြစေပြီး ငြိမ်းအေးပါစေကြောင်း ဆန္ဒပြုကြလျက် နွေရာသီ အပူများကို အေးမြစေကြောင်း ရေပက်ဖျန်း၍ သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝှမ်း လုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာ ဆင်နွှဲလေ့ရှိကြသည်။








































