နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း စစ်တွေမြို့ရှိ ပြည်နယ်အဆင့်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် ဇွန် -၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်အဆင့်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကား ပြောကြား သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ ဦးရွှေကြိမ်း ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စစ်တွေမြို့ရှိ ပြည်နယ်အဆင့်အစိုးရအဖွဲ့များ၊ ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ဒေသဆိုင်ရာအခြေအနေများအား ပါဝါပွိုင့်ဖြင့်ရှင်းလင်း တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာ တွင် ရခိုင်ပြည်နယ်သို့ လာရောက်ရခြင်းသည် ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ များ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံ ရသည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နေမှုများကို သိရှိရန်နှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် စတုရန်းမိုင် ၁၄၈၀၀ ကျော်ရှိပြီး ကမ်းရိုးတန်းဒေသဖြစ်၍ ကျွန်းပေါင်း ၁၄၄ ကျွန်းတွင် လူနေထိုင် သည့် ကျွန်း ၉၄ ကျွန်းရှိပါကြောင်း၊ ရေလုပ်ငန်းသည် အဓိကလုပ်ငန်းဖြစ်ပြီး စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများလည်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသ တစ်ခုဖွံ့ဖြိုးရန်မှာ စီးပွားကောင်းမွန်ရန်လိုအပ်ပြီး စီးပွားရေးကောင်းမွန်ရန်အတွက်လည်း တည်ငြိမ်အေးချမ်းမှုသည် အရေးကြီးကြောင်း၊ ရရှိထားသည့် တည်ငြိမ်အေးချမ်းမှုကို မပျက်စီးစေရန် အားလုံးပါဝင် ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုကြောင်း၊
စီးပွားရေးနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာ့တစ်ဝှမ်း စီးပွားရေး ထိခိုက်မှုများရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည်လည်း ကိုဗစ်-၁၉ တတိယလှိုင်းတွင် အခက် အခဲများစွာကြားမှ ရုန်းကန်ကျော်ဖြတ်နိုင်ခဲ့သော်လည်း စီးပွားရေး ကဏ္ဍတွင် ထိခိုက် ခဲ့မှုများရှိကြောင်း၊ ကိုဗစ်-၁၉ တတိယလှိုင်းမှ ရုန်းထွက်ခဲ့မှုတွင် တိုင်းရင်းသား ပြည်သူများနှင့် တာဝန်သိနိုင်ငံ့ဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်ခဲ့မှုသည် အဓိက အခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊နိုင်ငံတော်ဝန်ကြီးချုပ်ပြောကြားခဲ့သည့်“ ပြည်အင်အား သည် ပြည်တွင်းမှာ သာရှိသည်” ဟူသော စကားအတိုင်း တိုင်းရင်းသားပြည်သူ အားလုံး၏ စည်းလုံးညီညွတ်မှုသည် အရာရာကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေတိုလုပ်ငန်းနှင့် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများရှိပြီး ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကို စီမံကိန်းစနစ်တကျ ရေးဆွဲကာ အပိုင်းလိုက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေတိုဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လျင်လျင်မြန်မြန်အင်တိုက်အားတိုက်ဖြင့် ထင်သာမြင်သာ ရှိသော Quich Win အကျိုးတရား ရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ရေလုပ်ငန်းသည် ပြည်နယ်၏ အားသာချက်တစ်ခုအဖြစ် ဒေသခံ ပြည်သူ့အများစု လုပ်ကိုင်သောလုပ်ငန်းဖြစ်ကြောင်း၊ မိရိုးဖလာသမားရိုးကျ လုပ်ကိုင်မှု အစား သိပ္ပံနည်းကျ အဆင့်မြှင့်တင်၍ ကျွမ်းကျင်သော အတတ်ပညာရှင်များ၏ အကူအညီရယူ၍ စီးပွားဖြစ် ငါး၊ပုစွန်၊ ဂဏန်းပျော့မွေးမြူရေးလုပ်ငန်းများ တွင်တွင် ကျယ်ကျယ် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးအခွင့်အလမ်းများ လျင်မြန်စွာကောင်းမွန်၍ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရခဲ့ပြီးဒေသဖွံ့ဖြိုးရေးကိုများစွာ အထောက် အကူပြု နိုင်မည်ဖြစ်ကြောင်း၊ အလားတူ ခရီးသွားလုပ်ငန်းအတွက်လည်း အဆင့်မြှင့်တင်နိုင် ရေး ပြင်ဆင်သွားရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကန့်သတ်ချက်များ အဆင့်လိုက် ဖြေလျှော့ထားပြီးဖြစ်၍ မြောက်ဦးရှေးမြို့ဟောင်းနှင့် ငပလီနှင့် ကမ်းရိုးတန်းတစ်လျှောက် အပန်းဖြေကမ်းခြေများကို ခရီးသွားများ စိတ်ဝင်စားမှု ရှိစေရေး ဆောင်ရွက် သွားရန်လိုကြောင်း။
စိုက်ပျိုးရေးနှင့်ပတ်သက်၍ သီးနှံတစ်မျိုးချင်းအလိုက် ပန်းတိုင်အထွက်နှုန်းများ သက်မှတ်ပေးထားပြီးဖြစ်ကြောင်း၊ မိုးစပါးတစ်ဧကလျှင် တင်း ၁၀၀ ၊ နွေစပါးတင်း ၁၂၀ စသဖြင့် သတ်မှတ်ပေးထားရာ မြေပြင်အမှန်ထွက်ရှိသည့် သီးနှံအထွက်များကို ပန်းတိုင်အထွက်နှုန်းနှင့် နှိုင်းယှဉ်သုံးသပ်၍ ပြည့်မှီအောင် ထွက်ရှိရေး ဆောင်ရွက်ရန်လို ကြောင်း၊ ရခိုင်ပြည်နယ်သည် မတ်ပဲအထွက်နှုန်းကောင်းမွန်သော မှတ်တမ်းကောင်းရှိ ၍ ပိုမိုထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ကျောက်တော်တွင် ဖွင့်လှစ် ထားသည့် စိုက်ပျိုး၊ စိုက်ပျိုးရေးသိပ္ပံကျောင်း ကိုလည်းဒေသစိုက်ပျိုးရေးအတွက် အားကိုးအားထားပြုရသည့် ပညာရှင်များ မွေးထုတ်နိုင်ရေး လုပ်ဆောင်ကြရန် လိုကြောင်း။
သဘာဝဘေးအန္တရာယ် ကျရောက်မှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်သည် ကမ်းရိုး ဒေသဖြစ်၍ သဘာဝဘေးအန္တရာယ်ဖြစ်သော မုန်တိုင်းတိုက်ခတ်မှုကို ကြုံတွေရတတ် သည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဟူသည် အတိအကျကြိုတင် သိရှိရန် ခက်ခဲပြီး တားဆီး၍ မရနိုင်ကြောင်း၊ ယခုအခါ နည်းပညာအကူအညီ ရယူ၍ အနည်းစပ်ဆုံး ကြိုတင်ခန့်မှန်းသိရှိနိုင်လာသဖြင့် မုန်တိုင်းနှင့်ပတ်သက်သော သတိပေးချက်ကို အရောင်သတ်မှတ်ချက်များဖြင့် ထုတ်ပြန်သတိပေးမှုများ ဆောင်ရွက်လာနိုင်ကြောင်း၊ အကြမ်းဖျင်းအားဖြင့် အဝါရောင်အဆင့်သည် ဘင်္ဂလား ပင်လယ်အော်၊ ကပ္ပလီပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်နေပြီး မုန်တိုင်း၏ အခြေအနေကို သတိထားနိုင်ရန်ဖြစ်ကြောင်း၊ လိမ္မော်ရောင်အဆင့်သည် ကမ်းရိုးတန်း သို့ ဦးတည်နေပြီး မုန်တိုင်းသည် မိမိနေထိုင်ရာ ဒေသသို့ ဦးတည်ရွှေ့လျားသည်ဟု သတင်း ရရှိပါက မုန်တိုင်း၏ ပြောင်းလဲမှုကို အထူး သတိထားစောင့်ကြည့်နိုင်ရန် ဖြစ်ကြောင်း၊ အနီရောင် အဆင့်သည် ကမ်းရိုးတန်းသို့ ၁၂ နာရီနောက်ပိုင်း မုန်တိုင်းရောက်ရှိလာမည်ဖြစ်ပြီး အန္တရာယ်ရှိနိုင်သဖြင့် လုံခြုံစိတ်ချရသည့် နေရာ များသို့ ပြောင်းရွှေ့နေရာယူရန်ဖြစ်ကြောင်း၊ အညိုရောင် အဆင့်သည် မုန်တိုင်း အန္တရာယ်ကျရောက်နေချိန် ဖြစ်ပြီး လုံခြုံစိတ်ချရသည့် နေရာတွင် ခိုလှုံပြီးစီးရန်ဖြစ်ကြောင်း၊ အစိမ်းရောင်အဆင့်သည် မုန်တိုင်းအားပျော့ပျက်ပြယ် သွားပြီဖြစ်ပြီး မိမိတို့၏ နေအိမ်များသို့ပြန်နိုင်သော အခြေအနေဖြစ်ကြောင်းဖြင့် သတ်မှတ်ထားပါကြောင်း၊ သတိပေးချက်များကို အချိန်နှင့် တစ်ပြေးညီ သိရှိအောင် လုပ်၍ ကာကွယ်မှုများ လုပ်ဆောင်ရန်လိုကြောင်း၊ မုန်တိုင်း ဖြစ်ပေါ်လာပါက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံချက်ပါ အစီအမံများအတိုင်း လုပ်ဆောင်ရန်လိုကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်ရန်မှာ ဇာတ်တိုက် လေ့ကျင့်မှုကို အသားကျအောင် ဆောင်ရွက်ထားရန်လိုကြောင်း၊ ဇာတ်တိုက် လေ့ကျင့်မှုရှိမှသာ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ မုန်တိုင်း ပြီးဆုံးချိန် ဆောင်ရွက်ရမည့် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း များကိုလည်း စီမံချက်နှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း။
ပန်းခင်းစီမံချက်ပြုလုပ်မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ရှေ့လုပ်ငန်းစဉ်ပါကျင်းပပြလုပ်မည့် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ မဲပေးပိုင်ခွင့်ရှိသူတစ်ဦးချင်း၏ ရှိရမည့် နိုင်ငံသားစိစစ်ရေးကတ်သည် အရေးကြီးကြောင်း၊ စိစစ်ရေးကတ်သည် သတ်မှတ်အသက်အရွယ်အလိုက် တစ်ဦးလျှင် တစ်ကတ်သာ ရှိရမည်ဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူ စိစစ်ရေးကတ်ရှိမှသာလျှင် မဲပေးနိုင်မည်ဖြစ်ကြောင်း၊ ဖောင်းပွမှု မရှိစေရေး မှန်ကန်မှုရှိစေရေး ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် တိုက်ဆိုင် စစ်ဆေးမှုလုပ်ငန်းများကိုလည်း တစ်ချိန်တည်းတစ်ပြိုင်တည်း ပြုလုပ်ရန်အစီအစဉ် ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းစတင်အကောင်အထည်ဖော်ချိန်တွင်လည်း တက်ရောက် လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများကလည်း တစ်ဒေါင် တစ်နေရာက ပါဝင်ကူညီ ဆောင်ရွက်ပေးကြရန် ကြိုတင်မှာကြားလိုပါကြောင်း။
အားကစားကဏ္ဍနှင့်ပတ်သက်၍ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲတွင် ဆုရရှိမှု၌ ရခိုင်ပြည်နယ်အားကစားသမားများ ပါဝင်မှုအတွက် အသိအမှတ်ပြုအားပေးပါကြောင်း၊ အားကစားပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ပါဝင် ယှဉ်ပြိုင်သူများကို နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်၍ အခမ်းအနားဖြင့် ထိုက်တန်စွာ ဆုချီးမြှင့်မှု ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်နယ်အတွင်း ထူးချွန်သူများ ထပ်မံပေါ်ထွက်လာစေရန် လေ့ကျင့်မွေးမြူသွားရန်လိုကြောင်း၊ လေ့ကျင့်ရာတွင်လည်း ပြည်နယ်စံချိန်၊ နိုင်ငံတော်စံချိန်နှင့် အရှေ့တောင်အာရှအဆင့်မှသည်ကမ္ဘာ့စံချိန် အထိ ရည်မှန်း၍ စံချိန်ချိုးနိုင်မည့်အနေအထားတစ်ခုထိရောက်ရှိရေး ကြိုးစားလေ့ကျင့်ရန် လိုကြောင်း၊ အားကစားသည် နိုင်ငံတော်အတွက် ဂုဏ်တစ်ရပ်ဖြစ်၍ အားကစား ကဏ္ဍကို မြှင့်တင်ရန်လိုကြောင်း။
ငြိမ်းချမ်းရေးကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတစ်နိုင်ငံ ၊ ဒေသတစ်ခု စီးပွားရေး၊ နိုင်ငံရေးအား ကောင်းစေရန် အခြေခံလိုအပ်ချက်သည် တည်ငြိမ်အေးချမ်းမှု ပင်ဖြစ်ကြောင်း၊ ကမ္ဘာတွင်ဖွံ့ဖြိုးပြီး နိုင်ငံများကို ကြည့်ပါက လက်နက်ကိုင်ပဋိပက္ခများ မရှိသည်ကို တွေ့မြင်နိုင်ကြောင်း၊ သို့ဖြစ်၍ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်၍ ပြည်သူများ အေးချမ်းသာယာပျော်ရွှင်စွာ နေထိုင် နိုင်ရေး မရှိမဖြစ်လိုအပ်သော ထာဝရငြိမ်းချမ်း ရေး ရရှိရန် မည်သည့် ကန့်သတ်ချက်မျှ မထားဘဲ ဆွေးနွေးနိုင်အောင် ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့က နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ခေါ်မှုများ ပြုခဲ့ ကြောင်း။
ယခုအချိန်အထိ အေးချမ်းစွာနေထိုင်လိုကြသည့် ငြိမ်းချမ်းရေးအနှစ်သာရကို မပျက်စီးစေလိုကြသည့် နိုင်ငံသူ နိုင်ငံသားများ၏ ဆန္ဒအမှန်ကိုသိရှိနာလည်းကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၅)ဖွဲ့နှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးဖြစ်သည့်အပြင် ရခိုင်ပြည်နယ်အတွင်းမှ ALP အဖွဲ့သည် နေပြည်တော်မှ လာရောက်ကြိုဆိုပေးသည့် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ သွားရောက်၍ နိုင်ငံတော်အကြီးအကဲနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးအကောင်အထည်ဖော်လုပ်ငန်းညှိနှိုင်းရေးအဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီးဖြစ်ကြောင်း၊ ကျန်ရှိသော EAO များကိုလည်း ဆက်လက် လက်ခံတွေ့ဆုံ ဆွေးနွေးခြင်းမှတဆင့် ထာဝရငြိမ်းချမ်းရေးဆီသို့ ဦတည် ဆောင်ရွက်လျက်ရှိတာကို လည်း သိရှိကြစေလိုပါကြောင်း။
ပညာရေးကဏ္ဍာကိုကြည့်လျင်လည်း ရခိုင်ပြည်နယ်သည် အခြားသော ပြည်နယ် နှင့် တိုင်းဒေသကြီးများထက် ပညာသင်ကြားသည့် ကျောင်းသား/သူ၊ သင်ကြားပေးရသည် ဆရာ/ဆရာမ အခြေအနေများ တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့၏ အဆင့်မြင့်ပညာသင်ကြား သင်ယူနေမှုများသည် ပိုမို၍ တိုးတက်များပြားသည်ကို တွေ့ရကြောင်း၊ ၎င်းသည် ပြည်နယ်အတွင်း သင့်တင့်သည် တည်ငြိမ်းအေးချမ်းမှု ကြောင့် ဖြစ်သည်ကိုတွေ့မြင်ရမှဖြစ်ပြီး ရရှိပြီးသော တည်ငြိမ်မှု ကို မပျက်စီးရအောင် ပြည်နယ်အစိုးရနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ပြည်နယ်သူ ၊ ပြည်နယ်သားများက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် လိုပါကြောင်း။
ပြည်နယ်အစိုးရအဖွဲ့သည် ပြည်သူအပေါ် မိသားစုစိတ်ဖြင့် ဦးစီးဦးဆောင်ပြုကာ ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးမှစ၍ ပံ့ပိုးစောင့်ရှောက် ပေးရန်လိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနအကြီးအကဲများမှ အောက်ခြေ အထိ အကတိတရားကင်းစွာဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်၍ ပြည်သူအပေါ် ဝန်ဆောင်မှု ပေးရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြည်နယ်၏ တိုးတက်ရာ တိုးတက် ကြောင်းအတွက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် ပြည်နယ်၏ ယုံကြည်ကိုးစားမှုရရှိအောင် ဆောင်ရွက်သွားရန် တိုက်တွန်း လိုကြောင်း ဖြင့် ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။