ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သည့် PDF အဖွဲ့ ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ် နေပြည်တော်၊ ဇွန် - ၁၁

Sunday, June 12, 2022 - 13:00

ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သည့် PDF အဖွဲ့ ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

နေပြည်တော်၊ ဇွန် - ၁၁

          ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းကို ဇွန် ၆ ရက် နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ကလေးတပ်နယ်၊ နယ်မြေခံတပ်ရှိ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ ကလေးတပ်နယ်မှ ဗိုလ်မှူးချုပ် သန့်ဇင်ဦး နှင့် တပ်မတော် အရာရှိကြီးများ၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အလင်းဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

          ဦးစွာ ဗိုလ်မှူးချုပ် သန့်ဇင်ဦး က ဆုံးမအမှာစကားပြောကြားပြီး ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့က နယ်မြေဒေသတည်ငြိမ် အေးချမ်း ရေးနှင့် တရားဉပဒေဆိုင်ရာပုဒ်မများအား ရှင်းလင်းဆွေးနွေးပြောကြားကြသည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ဝင်ရောက်ခိုလှုံခဲ့သည့် PDF အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြား သည်။ ယင်းနောက် ဗိုလ်မှူးချုပ် သန့်ဇင်ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက် ခိုလုံသည့် PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို အသိအမှတ်ပြု ကတ်ပြားများ၊ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ် ရာများပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည် လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။