တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းကျခံနေရသူများအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု
နေပြည်တော် ဧပြီ - ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အား ဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသော အားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက အမိန့်အမှတ် ၃၀/၂၀၂၂ နှင့် ၃၁/၂၀၂၂ တို့ဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၁၅၇၇ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၄၂ ဦး၊ စုစုပေါင်း ၁၆၁၉ ဦး တို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ကြောင်း သိရသည်။


















