news

သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ ဘိုးဘွားကန်တော့ပွဲပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၁

          သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ရတနာသီရိ ခန်းမ၌ ပြုလုပ်ရာ ကန်တော့ခံအဘိုးအဘွားများ၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

            ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပူဇော်ကန်တော့ခံ အဘိုးအဘွား များအား ပူဇော်ကန်တော့ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပူဇော်ကန် တော့ခံ အဘိုးအဘွား ၂၄ ဦးအား အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းပြီး သက်ကြီးဘိုးဘွားများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ကျွေးမွေးကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

            ယင်းနောက် ကန်တော့ခံအဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင် စကားများနှင့် ဆုပေးစကားများပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မော်လမြိုင်တပ်နယ၏(သတ္တမအကြိမ်) အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၁

          အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်၏(သတ္တမအကြိမ်) အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် သန္တိသုခဓမ္မာရုံ၌ပြုလုပ်ရာ မော်လမြိုင်မြို့၊ ကော့ခနိရွှေကျောင်းတိုက် ပဓာန နာယက ဆရာတော် မြို့နယ်သံဃာ့ဝန်ဆောင် ဘဒ္ဒန္တသုမန အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မော်လမြိုင်မြို့၊ ကော့ခနိ ရွှေကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် သံဃာတော်များက ပရိတ်တရားတော်များနှင့် ပဋ္ဌာန်းပစ္စယနိဒ္ဒေသများ ရွတ်ပွားချီးမြှင့် တော်မူကြသည်။

          ဆက်လက်၍ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက  မော်လမြိုင်မြို့၊ ကော့ခနိရွှေကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူပြီး သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ အောက်တိုဘာ - ၂၁

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၀ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၈ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာ သူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၄ ဦး  တို့ကို အသီးသီးလက်ခံခဲ့ကြ သည်။

ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ် ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုရှင်းလင်းပြောကြားခြင်း တို့ကို စနစ်တကျဆောင်ရွက်ပေးပြီးတိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ အောက်တိုဘာ - ၂၁

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၀

          ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင် ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာရှိ သဲအင်းဂူတောရကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ YGW မိဘမဲ့ကလေး များ စောင့်ရှောက်ရေးကျောင်းနှင့် ဟိုင်းကြီးကျွန်းမြို့ သီရိမင်္ဂလာမိုးကုတ်ကျောင်း တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၊ ခန္တီးမြို့နယ်၊ ဖားမောင်ကျေးရွာ၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်နှင့် မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာသုန္ဒာရာမပရိယတ္တိ စာသင်တိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများ ကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သီတင်းကျွတ်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ပြည်တောင်တန်းတောရကျောင်းတိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းဒေသနှင့် စစ်ကိုင်းတောင်ရိုးတို့ရှိ ဆရာတော်/ သံဃာတော်များ၊ သီလရှင်များနှင့် ကပ္ပိယများအား ကျန်းမာရေးဝန်ကြီးဌာနမှကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

နေပြည်တော်။ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည် အုပ်စုများနှင့် ဦးစားပေးအစီအစဉ်များအလိုက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ သီတင်းကျွတ်ရက်မြတ်ကာလအတွင်းတွင် သာသနာ့နွယ်ဝင် ဦးတည်အုပ်စုဖြစ်သည့် ဆရာ တော်/ သံဃာတော်များ၊ သီလရှင်များနှင့် ကပ္ပိယများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု များကို အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

အောက်တိုဘာလ(၂၀)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ဆံတော်ရပ်ကွက်ရှိ ဇောတိကာရုံ ပါဠိတက္ကသိုလ်ဆေးထိုးစုရပ်နှင့် နဝဒေးရပ်ကွက်ရှိ ဝင်္ဂဘာ တောရကျောင်းတိုက်ဆေးထိုးစုရပ်တို့၌ ပြည်တောင်တန်းတောရကျောင်းတိုက်ပေါင်း(၆၆၇) ကျောင်းတိုက်ရှိ ဆရာတော်/သံဃာတော် (၁,၆၉၁)ပါး၊ သီလရှင်(၅၆၃)ပါးနှင့် ကပ္ပိယ (၁,၀၈၃)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာနမှကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်သော  အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နယ်မြေခံတပ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများလာရောက် အားပေးကြည့်ရှုခဲ့၍ ဆေးထိုးစုရပ်ရှိ တာဝန်ထမ်းဆောင် နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ အောက်တိုဘာ - ၂၀

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား ကိုဗစ်စင်တာများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော်၊ အောက်တိုဘာ - ၂၀

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၆၂ ဦးနှင့် အမျိုးသမီး ၅၂ ဦး၊ စုစုပေါင်း ၁၁၄ ဦးအား လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၇  ဦးအား လည်းကောင်း အသီးသီး လက်ခံထားရှိကြောင်း  သိရှိရသည်။

အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ ဘိုးဘွားကန်တော့ပွဲပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၀

          အနောက်တောင်တိုင်းစစ်ဌာနချုပ် သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ ဘိုးဘွားကန်တော့ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ ကန်တော့ခံအဘိုးအဘွားများ၊ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

            ဦးစွာတိုင်းမှူးက အဘိုးအဘွားများအား ပူဇော်ကန်တော့ရခြင်းနှင့် ပတ်သက်၍ ပန်ကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပူဇော်ကန်တော့ခံ အဘိုးအဘွား ၂၃ ဦးအား အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းပြီး သက်ကြီး ဘိုးဘွားများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများကျွေးမွေးသည်။ ယင်းနောက် ကန်တော့ခံအဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကား များနှင့် ဆုပေးစကားများပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော်ပေါ်ရှိ အဘယလာဘ မုနိရုပ်ပွားတော် ဘုရားကြီး (ကျောက်တော်ကြီး)ဝန်းအတွင်း၌ တည်ထားကိုးကွယ်တော်မူသော အဘရာကျော် ဓါတ်ပန္နက် ရွှေလဝင်းစေတီတော် ရွှေထီးတော်တင်လှူ ပူဇော်ခြင်း ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၀

          ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော်ပေါ်ရှိ အဘယလာဘ မုနိရုပ်ပွားတော်ဘုရားကြီး(ကျောက်တော်ကြီး)ဝန်းအတွင်း၌ တည်ထားကိုးကွယ်တော် မူသော အဘရာကျော်ဓါတ်ပန္နက် ရွှေလဝင်းစေတီတော် ရွှေထီးတော်တင်လှူ ပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုရားကြီး၌ပြုလုပ်ရာ အင်းစိန်မြို့နယ်၊ သံဃာ့နာယကအဖွဲ့ဉက္ကဋ္ဌ ဘဒ္ဒန္တဇာနေယျ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။