နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေး
နေပြည်တော် အောက်တိုဘာလ ၂၃
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သောကြောင့် တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည့်အခြေအနေ ရှိပါက ကျောင်းသား၊ ဆရာ၊ မိဘများ စိတ်အေးချမ်းသာစွာဖြင့် စာပေပညာသင်ကြားနိုင်ရေး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် ထိုးနှံပေးလျက်ရှိသည်။