news

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

နေပြည်တော်၊ ဇန်နဝါရီ  - ၃

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်ဆေးများကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Delivery  Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိ သည်။

ထန်တလန်မြို့၊ အမှတ်()ရပ်ကွက်ရှိ နေအိမ်များနှင့် ဆေးရုံနားနေဆောင် လုံးတို့ အား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက  ထပ်မံမီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇန်နဝါရီ - ၂

          အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အကြမ်းဖက် သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဉပဒေစိုးမိုးမှုကို ပျက်ပြား စေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတားဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ ကို မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

သာကေတမြို့နယ်၊ (၇/အရှေ့)ရပ်ကွက်ရှိ စာသင်ကျောင်းအား အကြမ်းဖက်သမားများက လက်လုပ် မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ

နေပြည်တော်၊ ဇန်နဝါရီ - ၂

            PDFအမည်ခံအကြမ်းဖက်သမားများအနေဖြင့် အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည် မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော စာသင်ကျောင်းများကိုလည်း မိုင်းထောင် ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ လုပ်ဆောင် လျက်ရှိရာ ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ်၊ (၇/အရှေ့)ရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာမူလတန်း ကျောင်းအနီး လက်လုပ်မိုင်း များဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့သည်။ ထိုသို့ ဖောက်ခွဲမှုကြောင့်  ခြံစည်းရိုးအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွာရောက်စစ်ဆေးခဲ့ရာ လက်လုပ်မိုင်း ပေါက်ကွဲထားသည့် PVC ပိုက်အပိုင်းအစများ တွေ့ရှိရပြီး ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာနှင့် ပေ ၂၀ ခန့်အကွာတွင် PVC ပိုက် ၁ ခု နှင့် ကီးပက်ဖုန်း ၁ လုံးတို့အား ဝါယာကြိုးဖြင့် ချိတ်ဆက်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ကိုဗစ်- ၁၉ ရောဂါအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် အသုံးများသည့် ဆေးဝါးများ၏ ပေါက်ဈေးများ

(၂-၁-၂၀၂၂)ညနေ ၆ နာရီအချိန်ထိဈေးနှုန်း