အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ခုံးကျော်တံတားပေါ်တွင် လုယက်မှု ဖြစ်စဉ်မှ တရားခံများ ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာလ ၃၁
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် အင်းစိန်မြို့နယ်၊ ဈေးကုန်းရပ်ကွက်၊ လှိုင်မြစ်လမ်း၊ အင်းစိန်ဈေးတွင် ဖွင့်လှစ်ထားရှိသော ကျုံစင်းအာမခံရွှေဆိုင်ပိုင်ရှင် ဦးနှင်းငွေ (၅၁)နှစ်သည် အင်းစိန်ခုံးတံတားပေါ်၌ ရွှေထည်ပစ္စည်း စုစုပေါင်းအလေးချိန် ၄ ပိဿာ ၅၀ ကျပ်သားခန့်ထည့်ထားသည့် လက်ဆွဲအိတ် ၂ လုံး (ကာလတန်ဖိုးငွေ သိန်း ၇,၂၀၀ ကျပ် ခန့်)အား လုယက်ခံရသည့်ဖြစ်စဉ်တွင် တရားခံ ကျား ၇ ဦး၊ မ ၃ ဦး၊ ပေါင်း ၁၀ ဦးတို့အား ငွေကျပ် ၁၆၄ သိန်း ၄ သောင်း၊ ရွှေလက်စွပ်မျိုးစုံ ၂၈၄ ကွင်း၊ ရွှေနားကပ်မျိုးစုံ ၈၇ ရံ၊ ရွှေဆွဲပြား မျိုးစုံ ၄၄ ပြား၊ ရွှေဟန်းချိန်း ၁၂ ခု၊ ရွှေဆွဲကြိုးမျိုးစုံ ၆၇ ကုံး၊ ရွှေလက်ကောက်မျိုးစုံ ၂၃ ကွင်း၊ ရွှေကြယ်သီး ၂ ခု၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၅၀ ပြား၊ အငှားယာဉ် ၂ စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာလ ၂၄ ရက်တွင် သတင်းထုတ်ပြန်ပြီးဖြစ်သည်။







