ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး (၁၆)ကြိမ်မြောက်အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ နေပြည်တော် ဇွန် ၂၁

Tuesday, June 21, 2022 - 16:00

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး (၁၆)ကြိမ်မြောက်အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ

နေပြည်တော် ဇွန် ၂၁

          နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဇွန် ၂၂ ရက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံ ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံက ဦးစီးကျင်းပမည့် (၁၆)ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ရန် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ ထွက်ခွာသွား သည်။

          ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုးနှင့် တာဝန်ရှိသူများလိုက်ပါသွားကြပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တပ်မတော်အရာရှိ ကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရ သည်။