မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည်အစည်းအဝေး (၂၀၂၂)ကျင်းပ နေပြည်တော်  ဇွန် ၂၁

Tuesday, June 21, 2022 - 16:30

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည်အစည်းအဝေး (၂၀၂၂)ကျင်းပ

နေပြည်တော်  ဇွန် ၂၁

          မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည်အစည်းအဝေး (၂၀၂၂)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့ နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)နှင့် ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗဟိုကောင်စီဝင် တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီးတိုင်းဒေသကြီး/ ပြည်နယ်များမှ ဗဟိုကောင်စီဝင်များက ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့်  တက်ရောက်ကြသည်။

          ဦးစွာ သဘာပတိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏အခြေခံသည် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ များဖြစ်သဖြင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၏ အရည်အသွေးတိုးတက် ကောင်းမွန်မှသာ ပြည်နယ်/တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များ တိုးတက်ကောင်းမွန်မည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကြီးလည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များအနေဖြင့် စစ်မှုထမ်း ဟောင်းအဖွဲ့ ကြီး၏ ရည်ရွယ်ချက် ၄ ရပ်၊ ရှေ့လုပ်ငန်းစဉ် ၇ ရပ်၊လုပ်ငန်းကဏ္ဍကြီး ၅ ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် ညီလာခံ (၂၀၂၁) တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက် များကိုလည်း တစိုက်မတ်မတ်လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

           ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များ တွင် လုပ်ငန်းအဖွဲ့များဖွဲ့စည်းရေး၊ နယ်မြေကြီးကြပ်ရေးတာဝန်ခံများခန့်အပ်ရေး နှင့်လစ်လပ်တာဝန်နေရာများကို ပူးတွဲထမ်းဆောင်ရေးစာတမ်းအား ဗဟိုအမှုဆောင် အဖွဲ့  အတွင်းရေးမှူးက ဖတ်ကြားတင်ပြသည်။

          ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ များနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၏  ဆောင်ရွက်ချက်များ၊  စစ်ဆေးတွေ့ရှိ ချက်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များက သုံးသပ်ဆွေးနွေးကြသည်။

          ဆက်လက်၍ ဗဟိုအမှုဆောင်အဖွဲ့ဘဏ္ဍာရေးမှူးက (၂၀၂၂-၂၀၂၃)ဘဏ္ဍာ ရေးနှစ် ရသုံးမှန်းချေငွေစာရင်းကို ဖတ်ကြားခြင်း၊ အတည်ပြုခြင်းများဆောင်ရွက် ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ဗဟိုကောင်စီဝင်များနှင့် ဗဟိုကောင်စီဝင် တပ်မတော်အရာရှိကြီးများက ၎င်းတို့၏လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ များအား ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဖတ်ကြားတင်ပြခြင်းများဆောင်ရွက်ကြပြီး   ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ ဗဟိုအမှုဆောင်အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်းဆွေးနွေးခြင်း၊  တက်ရောက်လာသူများက အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့တွင် လုပ်ငန်းအဖွဲ့များဖွဲ့စည်းရေး၊ နယ်မြေကြီးကြပ်ရေးတာဝန်ခံများ ခန့်အပ်ရေးနှင့် လစ်လပ်တာဝန်နေရာများကို  ယာယီပူးတွဲထမ်းဆောင်ရေးတို့နှင့်    သက်ဆိုင်သည့် စာတမ်းများအား အတည်ပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းများ ဆောင်ရွက်ကြပြီး သဘာပတိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။