နေပြည်တော်၊ မေ - ၁
ရှမ်းပြည်နယ်အစိုးရရံပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်ပွဲကို ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် အဆိုပါရေအားလျှပ်စစ်စက်ရုံ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။






















