ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်အတွင်းရှိ RC သင်္ချိုင်းဝန်းအတွင်း အကြမ်းဖက် အဖွဲ့များ နှင့် ပါဝင်ပတ်သက်သည့် ဓမ္မဆရာ တစ်ဦး သိုဝှက်ထားသည့် လက်နက်/ခဲယမ်းများအား သိမ်းဆည်းရမိ
နေပြည်တော်၊ အောက်တိုဘာ - ၂၉
နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေ လိုသည့် NUG ၊ CRPH စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် အပြစ်မဲ့ပြည်သူများကို အကြောင်းအမျိုးမျိုးဖြင့် ရက်စက်စွာသတ်ဖြတ်ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှားနေ သည့် လမ်း၊ တံတား၊ နိုင်ငံတော်ပိုင် အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးခြင်းများ အပြင် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အဖျက်အမှောင့်၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတင်း ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
















