news

ရေစကြိုမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့က လက်လုပ်လက်နက်ကြီးဖြင့် ကျေးရွာအတွင်း သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ် ၁ လုံးအား ထိမှန်ပေါက်ကွဲခဲ့၍ အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၁ ဦးတို့ သေဆုံးကာ အမျိုးသမီး ၂ ဦးဒဏ်ရာရရှိ

နေပြည်တော်၊ မေ ၃

            နိုင်ငံရေးအစွန်းအရောက် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ဒေသန္တရ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများအသုံးပြု၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများအား မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြု၍ မြို့/ရွာများအတွင်း သို့ အဆင်အခြင်မဲ့ ရက်စက်စွာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းများအား ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

Information Sheet Myanmar and English (27-4-2022)

Information Sheet Russian and Chinese (25-4-2022)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း     ခမောက်ကြီး၊  ဘုတ်ပြင်းနှင့် ကျွန်းစုတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား                                                       

နေပြည်တော်၊ မေ - ၂

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်းစိုး၊  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများ၊  ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့တွင် ခမောက်ကြီး၊  ဘုတ်ပြင်းနှင့် ကျွန်းစု တပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင် များအား သီးခြားစီ တွေ့ဆုံ၍  အမှာစကားပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေး စီမံကိန်းသို့သွားရောက်ကြည့်ရှု၊ ခမောက်ကြီးမြို့ရှိ ရပ်မိရပ်ဖများ၊ဌာနဆိုင်ရာများအားတွေ့ဆုံ

နေပြည်တော် မေ-၂

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်  ဦးမောင်းဟာ၊ စောဒန်နီရယ်၊ ဒေါက်တာဗညားအောင်မိုး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊  ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါ၍ယနေ့မွန်းလွဲပိုင်းတွင် ဘုတ်ပြင်းမြို့နယ် အတွင်းရှိ တောင်ဒဂုံ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်း သွားရောက်ကြည့်ရှုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN  တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် မေ - ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN  နှင့် ယနေ့နံနက်ပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။

 

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအား အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် အလွတ်သဘောထိတွေ့ဆက်ဆံရန် အဆိုပြုချက်အပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချ

 

၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်ထုတ် မလေးမေးလ် သတင်းစာတွင် “မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက အာဆီယံအား အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အလွတ်သဘောထိတွေ့ဆက်ဆံရန် အဆိုပြုသွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည့် သတင်းဆောင်းပါးကို နိုင်ငံခြားရေးဝန်ကြီးဌာနက တွေ့ရှိရသည်။

စက်သုံးဆီဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်မည့် အစီအမံ အား နေပြည်တော်ကောင်စီနှင့် နေပြည်တော် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီသို့ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

နေပြည်တော်၊ မေ -

စက်သုံးဆီဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်မည့် အစီ အမံများအား နေပြည်တော်ကောင်စီနှင့် နေပြည်တော်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ် ငန်းဆပ်ကော်မတီသို့ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ်၊   ၃၂  / ၂၀၂၂

၁၃၈၄ ခုနှစ်၊ ကဆုန်လဆန်း  ၃    ရက်

(၂၀၂၂ ခုနှစ်၊ မေလ ၂  ရက်)

ပြည်ထောင်စုဝန်ကြီးတာန်မှ အနားယူခွင့်ပြုခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၇ ဦးတို့အား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ကာ ရက်စက်စွာသတ်ဖြတ်

နေပြည်တော်၊ မေ

            နိုင်ငံရေးအစွန်းရောက် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အချို့မြို့နယ်များရှိ ကျေးရွာများမှ ၎င်းတို့ကို ထောက်ခံအားပေးမှုမရှိသည့် ဒေသခံပြည်သူလူထုတို့အား စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့အပေါ် ထောက်ခံအားပေးရန်၊ ဆက်ကြေးများပေး ဆောင်လာစေရန် ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်ရေး အပြစ်မဲ့ ပြည်သူများအား သတင်းပေး ဒလန် များအဖြစ်စွပ်စွဲ၍ သတ်ဖြတ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အဦများနှင့် လူနေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အကြမ်းဖက်လုပ်ရန်မှန်သမျှကို ကျူးလွန်လျက်ရှိသည်။