နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနှင့် ဥက္ကဋ္ဌတာဝန်လွှဲပြောင်းသည့် အခမ်းအနားသို့ အထူး ဧည့်သည်တော်အဖြစ် Video Message ပေးပို့ မိန့်ခွန်းပြောကြား
နေပြည်တော်၊ နိုဝင်ဘာ - ၂
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့(ASEANSAI)၏ (၆)ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (6th ASEANSAI Summit) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ဦးဆောင်၍ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အထူးဧည့်သည်တော်အဖြစ် Video Message ပေးပို့ မိန့်ခွန်းပြောကြားသည်။












