ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်းများအား အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းအပေါ်
ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ခြင်းလုပ်ငန်းတစ်ရပ်အနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့ပေါ်ဒေသများတွင်သာမက ဝေးလံခက်ခဲသော ကျေးလက်များအထိ သွားရောက် ကာ ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားစေပြီး ရောဂါဖြစ်ပွားမှုအား တားဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဝန်ထမ်း များသည် ကာကွယ်ဆေးထိုးလုပ်ငန်းအောင်မြင်စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်/ ကျေးရွာအထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ပံ့ပိုးမှုဖြင့် (၁၄-၁၂-၂၀၂၁) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဦးဆောင်ပြီး ကွတ်ခိုင်မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာ ဝင့်ဝင့်မြိုင်နှင့် သားဖွားဆရာမ(၃)ဦး၊ ယာဉ်မောင်း(၁)ဦးပါဝင်သော အဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် သွားရောက်ခဲ့ပါသည်။






















































