news

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ (၂,၀၀၀,၀၀၀) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ

ရက်စွဲ။ ၂၈-၈-၂၀၂၁

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်း ဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိပါသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm  အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ (၂,၀၀၀,၀၀၀)သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၂၈-၈-၂၀၂၁)ရက်နေ့ ညနေ (၄:၂၅)နာရီတွင် ရောက်ရှိသည်။ အဆိုပါကာကွယ်ဆေး များကို ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူခဲ့ပြီး ရန်ကုန်မြို့ ဗဟိုကာကွယ်ဆေးသိုလှောင်ရုံ၌ ထားရှိသည်။ (၂၉-၈-၂၀၂၁) ရက်နေ့ မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များသို့ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော် (လေ) ၏အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ပြီး ပြည်သူလူထုအား အမြန်ဆုံး ထိုးနှံသွားမည်ဖြစ်ပါသည်။

 

ကျန်းမာရေးဝန်ကြီးဌာန

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် PDF အဖွဲ့ဝင်များအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ်လ ၂၈

                 အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဆူပူမှုဖြစ်ပွားစေရန် လူမှုကွန်ယက် စာမျက်နှာ ပေါ်၌ ရေးသားလှုံ့ဆော်သူ ဇော်နိုင်ဦး အား အတွင်းပဒံကျေးရွာ၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ဖမ်းဆီးရမိခဲ့သည်။

                 ဖမ်းဆီးရမိတရားခံ ဇော်နိုင်ဦး၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၀ ရက်တွင် ထန်းတပင်မြို့နယ်၊ အစုကြီးကျေးရွာ၌ ရဲထွန်းတောက်နှင့် ကြည်ပြာဝင်းတို့ ၂ ဦး အားလည်းကောင်း၊ ဩဂုတ်လ ၁၁ ရက်တွင် လှိုင်သာယာ(အရေှ့ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၌ တင်ဝင်းလှိုင်အောင်လေးလှိုင်မိုးဝင်း နှင့် ဝိုင်းချစ်သူတို့ ၄ ဦးအား လည်းကောင်း၊ ထန်းတပင်မြို့နယ်၊ ရေတလိကျေးရွာ၌ သားဇော်ခင်မျိုးဦး နှင့် တင့်ဝေ တို့ ၃ ဦးအား လည်းကောင်း၊  ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာ၌  ရဲသွေးနိုင်ဝင်းနှင့် အေးကိုကိုအောင် တို့ ၃ ဦးအား လက်လုပ်ဗုံး ၄၃ လုံးဖြင့်လည်းကောင်း၊ တင်ဝင်းလှိုင် ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၂ ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌ ဟိန်းသီဟ အားလည်းကောင်း၊ တရားခံများ၏ ထွက်ဆိုချက်အရ ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာ အရှေ့ဘက်ရှိ ကုလားကြီး (ဖမ်းဆီးရန်ကျန်)၏ လယ်တဲ၌ ဖောက်ခွဲ ရေးပစ္စည်းများ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ပြုလုပ်ဆဲ လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများနှင့်တွေ့ဆုံ၍             

/၂၀၂၁ ကြိမ်မြောက်   သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၂၇

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၈/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား သံရုံးများမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားသည်။

 

နေပြည်တော်၊ ဩဂုတ် ၂၇

            နိုင်ငံတော်အတွင်း  ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထား ခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

 

နေပြည်တော်၊ ဩဂုတ် - ၂၇

          ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၉ ခုမှ အိမ်သုံးဆေးဝါး ၁၇၀ မျိုးအား ရောင်းချ ပေးလျက်ရှိပြီး ၆၇ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။

 

နေပြည်တော်၊ ဩဂုတ် - ၂၇

          နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌လည်းကောင်း၊ ကချင်ပြည်နယ် အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ လည်း ကောင်း၊ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအစည်း အဝေးခန်းမ၌ လည်းကောင်း ယနေ့တွင် အသီးသီးပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဝန်ကြီးချုပ်များ၊ သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်း များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

နေပြည်တော်၊ ဩဂုတ်- ၂၇

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

 

နေပြည်တော်၊ ဩဂုတ်- ၂၇

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

 

နေပြည်တော်၊ ဩဂုတ်- ၂၇

          တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။