တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်များ၏ ရက်စက်စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ မီးရှို့ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၄ ဦးတို့ သေဆုံးခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီး
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်များ၏ ရက်စက်စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ မီးရှို့ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၄ ဦးတို့ သေဆုံးခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၅ ရက် နံနက် ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာအတွင်းသို့ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အင်အား (စိစစ်ဆဲ)တို့က လက်နက်များ ကိုယ်စီကိုင်ဆောင်ကာ ဝင်ရောက်လာသဖြင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ကျေးရွာနေ ပြည်သူ အများစုသည် အကြမ်းဖက်သမားများ၏ အကြမ်းဖက်သတ်ဖြတ်မှုများအား ကြောက်ရွံ၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။