ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး
ဘရူနိုင်းဒါရူဆလာမ်နိုင်ငံတွင် ကျင်းပသည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ သီးသန့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်
နေပြည်တော် နိုဝင်ဘာ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်၍ နိုင်ငံတကာရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းဒါရူဆလာမ် နိုင်ငံက ဦးစီးကျင်းပသည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ သီးသန့် အစည်းအဝေး (ADMM Retreat) နှင့် ဆက်စပ်အစည်းအဝေးများ ဖြစ်သည့် အာဆီယံ-ကိုရီးယား ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေး၊ အာဆီယံ-ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးများသို့ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက် ကြသည်။






