news

ကိုဗစ်- ၁၉ ရောဂါအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် အသုံးများသည့် ဆေးဝါးများ၏ ပေါက်ဈေးများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးပူးတွဲကော်မရှင်ဥက္ကဋ္ဌ၊ FSMTC of Russia ဒုတိယညွှန်ကြားရေးမှူးနှင့် JSC “Rosoboronexport” ကုမ္ပဏီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးပူးတွဲ ကော်မရှင်ဥက္ကဋ္ဌ၊  FSMTC of Russia ၏ ဒုတိယညွှန်ကြားရေးမှူး Mr.Vladimir Drozhzhov နှင့် JSC “Rosoboronexport” ကုမ္ပဏီ ဒုတိယညွှန်ကြား ရေးမှူးချုပ် Mr.A.L.Chekmarev တို့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ကမ္ဘာပေါ်တွင် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ခြင်းနှင့်  တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြား

နေပြည်တော် နိုဝင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော် တွင် တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ် ရန်ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အဆင့် တာဝန်ရှိ ပုဂ္ဂိုလ်များအား ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မဟာမင်္ဂလာ မဏ္ဍပ်တော်၌ ကျင်းပပြုလုပ်သည်။

(၂၂)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးကို Virtual  Coferencing ဖြင့် ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၂

          (၂၂)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး(22nd ASEAN   Chiefs   of  Army   Multilateral  Meeting ) ကို ယနေ့နံနက်ပိုင်း တွင် Virtual  Coferencing ဖြင့် ကျင်းပပြုလုပ်သည်။

 

နေပြည်တော်၊ နိုဝင်ဘာ - ၁၁

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိသည်။

 

နေပြည်တော်၊ နိုဝင်ဘာ (၁၂)

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ကျင်းပသော အာဆီယံ၏ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများနှင့် ကျင်းပသော (၁၉) ကြိမ်မြောက် အာဆီယံ- ဂျပန် ပို့ဆောင်ရေး ဝန်ကြီးအစည်းအဝေး၊ (၁၂) ကြိမ်မြောက် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးအစည်းအဝေး နှင့် အာဆီယံနှင့်ဆွေးနွေးဘက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ အထူးအစည်းအဝေးများသို့ တက် ရောက်ပါသည်။

 

နေပြည်တော်၊ နိုဝင်ဘာ -၁၂

          မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကျင်းကျေးရွာနေ အခြေခံ ပညာ မူလတန်းကျောင်း (ညောင်းကားယား)မှ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်စိန်ကြည် သည် ခင်ပွန်းဖြစ်သူ ဦးဇော်မိုးနှင့်အတူ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့် တွင် နေအိမ်ဈေးဆိုင်၌ရှိနေစဉ် အကြမ်းဖက်သမား အမျိုးသား ၂ ဉီးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေး သွားခဲ့ရာ ဒေါ်စိန်ကြည်သည် ချိုင်းအောက်နှင့် ရင်ဘတ်သို့ ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဉီးဇော်မိုးမှာ လက်မောင်းနှင့် ရင်အုံတို့၍ ကျည်ဖောက်ဝင် ဒဏ်ရာများရရှိခဲ့သဖြင့် ဝမ်းတွင်းမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။

နေပြည်တော်၊ ၁၂-၁၁-၂၀၂၁

      တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac COVID-19 ကာကွယ် ဆေးများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနား ကို Videoconferene စနစ်ဖြင့်ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. CHEN HAI နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ ယခုကဲ့သို့ လှူဒါန်းခြင်းများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား၍ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အပါအဝင် နယ်စပ်ဒေသတလျောက် ကိုဗစ်-၁၉  ကာကွယ်ဆေးများထိုးနှံခြင်း၊ အသွားအလာစောင့်ကြည့်ခြင်း နှင့် ကျန်းမာရေးဝန်ထမ်းများ တိုးမြှင့်စေလွှတ်ခြင်းဖြင့် အချိန်နှင့် တပြေးညီ ကုသမှုများ ရရှိနိုင်ရေး အစရှိသည့် ပူးပေါင်းဆောင်ရွက်မှုကိစ္စများ၊  တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပံ့ပိုးလျက်ရှိသည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟိုဌာန(Myanmar Center of Disease Control) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း တည်ဆောက်ရေး စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရေး အစရှိသည့် ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေး၍ အခမ်းအနားအား ညနေ (၄ ၃၀)  အချိန်တွင် ရုတ်သိမ်းခဲ့ကြပါသည်။

 

နေပြည်တော်၊ နိုဝင်ဘာလ ၁၂

            အစွန်းရောက်အကြမ်းဖက်သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်သော ပြည်သူ လူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူ များအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက် နေမှုများကိုလည်း နှောင့်ယှက်လျက်ရှိသည်။   

 

နေပြည်တော်၊ နိုဝင်ဘာ -၁၂

          မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာရှိ မင်္ဂလာမှန်ကျောင်းအတွင်းသို့ နိုဝင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့် တွင် အကြမ်းဖက်သမားအမျိုးသား ၂ ဉီးသည် ဆိုင်ကယ်ဖြင့် စီးနင်းဝင်ရောက်၍ ဆွမ်းစားနေသည့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သောမန အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဆရာတော်မှာ နဖူးမှနောက်စေ့သို့ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ဖြစ်စဉ်နေရာတွင်ပင် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။