တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း
နေပြည်တော်၊ စက်တင်ဘာ - ၅
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း
နေပြည်တော်၊ စက်တင်ဘာ - ၅
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ
နေပြည်တော်၊ စက်တင်ဘာ - ၅
ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ - ၅
အကြမ်းဖက်သူများအနေဖြင့် မြို့နယ်အချို့ရှိ ဆက်သွယ်ရေးတာဝါတိုင်များအား ဖျက်ဆီးမှုများ ပြုလုပ်
နေပြည်တော်၊ စက်တင်ဘာ ၅
နိုင်ငံတော်အတွင်း နေထိုင်ကြသော ပြည်သူလူထုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် တစ်စိတ်တပိုင်းအဖြစ် အထောက်အကူပြုသည့် ဆက်သွယ်ရေးကွန်ယက်များအား နိုင်ငံတစ်ဝှမ်းလုံး ဖြန့်ကျက်နိုင်စေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီစဉ်ညွှန်ကြားမှုများဖြင့် ဆက်သွယ်ရေးတာဝါတိုင်များအား အမြို့မြို့၊ အနယ်နယ်တိုင်း၌ တွန်းအားပေးစိုက်ထူ ဆောင်ရွက် ပေးထားရှိခဲ့သည်ကို အေးချမ်းစွာနေထိုင်လိုခြင်းမရှိဘဲ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သူ များက အဆိုပါဆက်သွယ်ရေး တာဝါတိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်လာကြသည်ကို တွေ့ရှိရပါသည်။
ထိုသို့ ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ရာတွင် စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ရွှေလျှံအနောက်ကျေးရွာ၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာ လယ်ကွင်းအတွင်း၌ စိုက်ထူထားရှိသည့် MYTEL ဆက်သွယ်ရေး တာဝါတိုင်အောက်ခြေရှိ ထိန်းချုပ်ရေးစက်ခန်းအား အမှိုက်များထည့်သွင်းကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် အဆိုပါစက်ခန်းအတွင်းရှိ စက်ပစ္စည်းများနှင့် ကေဘယ်လ်ကြိုးများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် International Army Games-2021 ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်
နေပြည်တော်၊ စက်တင်ဘာ - ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၄ ရက်ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ မျိုးချစ်ပန်းခြံရှိ Congress စင်တာတွင် ကျင်းပ ပြုလုပ်သည့် International Army Games-2021 ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသူများနှင့်အတူ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-1)နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကာဇက်စတန် နိုင်ငံနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များ၏ ယှဉ်ပြိုင်နေမှု များကို ကြည့်ရှု အားပေးခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အသင်းက စံချိန် ၁ နာရီ ၃၆ မိနစ် ၄၉ စက္ကန့်ဖြင့် ပထမနေရာမှ ပန်းဝင်ခဲ့ပြီး ၎င်းနောက်မှ တရုတ်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့မှ တင့်တပ်ဖွဲ့ ဝင်များက ရှေ့နောက် ပန်းဝင်နိုင်ခဲ့ကြသည်။
အင်းစိန်မြို့ပတ်ရထားပေါ်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးရထားရဲတပ်ဖွဲ့ထံမှ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များယူဆောင်သွားခဲ့သည့် လက်နက်/ခဲယမ်းများနှင့် ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ- ၄
၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်နေ့တွင် မီးရထားရဲတပ်ဖွဲ့မှ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၆ ဦး သည် လက်နက်/ခဲယမ်းများနှင့်အတူ အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန်မြို့ပတ် ရထားတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိရာ ၎င်းတို့အား အလုံဘူတာနှင့် ပန်းလှိုင် အကြားတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက် ၄ လက် နှင့်ခဲယမ်းအချို့ကို အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က ယူဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ သည်။
ချောက်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ လှူဒါန်း
နေပြည်တော်၊ စက်တင်ဘာ - ၄
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိ ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများ တွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ - ၄
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ
နေပြည်တော်၊ စက်တင်ဘာ - ၄
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွား များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။