အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG နှင့် NLD ပါတီဝင် ဖြိုးဇေယျာသော်တို့၏ စေခိုင်းချက်အရ သန်လျင်တံတား၊ မြောက်ဥက္ကလာပတံတား၊ ထန်းတပင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာမီးပွိုင့်ရှိ လုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်ခဲ့သူများနှင့် ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်သူများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ နို ၁၇
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH၊ NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၁၂ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် သတင်းအရ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အင်းဝအိမ်ရာတွင် အောင်ဇင်ဖြိုး(ခ)မင်းကြီး (၁၉)နှစ်အား ဖမ်းဆီးရမိ ခဲ့သည်၊၊













