နေပြည်တော်၊ ဇန်နဝါရီ ၂၆
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား ထောက်ပံ့ရန်အတွက် လွိုင်ကော် မြို့နယ်၊ ဘာဒိုကျေး ရွာ အဆောက်အဦ ၁ လုံးအတွင်း၌ သိမ်းဆည်းထားရှိသည့် လက်ဆွဲအိတ် ၁၂၀ လုံး၊ ခေါက်ဆွဲထုတ် ၁၉၅၀ ထုပ်၊ ကွေကာအုပ် ၁၂၀ ထုပ်၊ အသားဘူးမျိုးစုံ ၇၆၀ ဘူး၊ ဆီ ၅၅၀ ဘူး၊ စောင် ၁၀၀ ထည်နှင့် ကုလားပဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ အစရှိသည့် လူသုံး ကုန်ပစ္စည်းမျိုးစုံကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက တွေ့ရှိသိမ်းဆည်းရမိကြောင်းကို သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါ သည်။













