news

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ နိုဝင်ဘာ - ၂၅                              

         ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။

 

နေပြည်တော်၊ နိုဝင်ဘာ - ၂၄                                              

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိသည်။

 

နေပြည်တော်၊ နိုဝင်ဘာ -၂၄

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို လက်ခံ ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်နှင့် စေတနာရှင် အလှူရှင်များ အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးနှင့် မြို့နယ်များတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။

 

နေပြည်တော်၊ နိုဝင်ဘာ - ၂၄                               

         ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ သည်။

 

နေပြည်တော်၊ နိုဝင်ဘာ - ၂၄

         ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၂၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း ၄၈ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၀ ဦးတို့ကို အသီးသီးလက်ခံခဲ့ကြသည်။

 

နေပြည်တော်၊ နိုဝင်ဘာ ၂၄

             မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသည့် ထိုင်းနိုင်ငံ၊ Nakhon Pathom ခရိုင်၊ Nakhon Pathom မြို့နယ်၊ Phra Pathom ကျေးရွာအုပ်စုနှင့် Kanchanburi ခရိုင်၊ Kanchanaburi မြို့နယ်၊ Ko Samrong ကျေးရွာအုပ်စု၊ အမှတ် (၅) ကျေးရွာများအတွင်း လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့ အကြီးအကဲများက ထုတ်ဖော်ပြောကြားကြောင်း သိရှိရသည်။

 

နေပြည်တော်၊ နိုဝင်ဘာ - ၂၄

         ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်း ကျေး ရွာ၌ ကျော်မိုးနိုင်(ခ)မောင်နိုင်(ဘ)ဦးမြင့်ဦး  အပါအဝင် ၁၈ ဦးသည် စက်တင်ဘာ ၂၈ ရက် ည ၁၀ နာရီခန့်တွင် ကျူးကျော်နေအိမ်နှင့် အိမ်ခြံမြေကိစ္စများတွင် အခကြေး ငွေရယူ၍ နေအိမ်များနှင့် ခြံစည်းရိုးများအား ဖျက်ဆီးခြင်း၊ နေအိမ်အတွင်းရှိ လူများ အား တုတ်၊ ဓားများ ကိုင်ဆောင်၍ အကြမ်းဖက်တိုက်ခိုက် ခြိမ်းခြောက်ခြင်းစသည့် ဉပဒေမဲ့လုပ်ရပ်များကို ကျူးလွန်ခဲ့သည့်အတွက်ကြောင့် အကြမ်းဖက်မှုတိုက်ဖျက် ရေးဉပဒေပုဒ်မ ၅၀(က)ဖြင့်လည်းကောင်း၊ ရဲထက်(ဘ)ဦးသိန်းဦး သည် ဧပြီ ၁၀ ရက်နေ့မှ ၁၇ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခဲ့သဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက် မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ်၊(၂/၂၀၂၁)အရ အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၀(ည)ဖြင့်လည်းကောင်း၊ မောင်မောင်ကျော်တင့်(ခ) ဘိုဘိုကျော် (ဘ)ဦးလှတင့်သည် ဖေဖော်ဝါရီလမှစ၍ CRPH၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးခဲ့မှုဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ည)ဖြင့် လည်းကောင်း၊ ရဲထက်အောင်(ခ)ရဲထက် (ဘ)ဦးညွန့်အောင်သည် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ အပြစ်မဲ့ပြည်သူ များအား ဒလန်ဟု စွပ်စွဲ ပြောဆိုသတ်ဖြတ်ခြင်းတို့တွင် ပါဝင်ခြင်း၊ အကြမ်းဖက်ဗုံးခွဲ တိုက်ခိုက်ခြင်းများကို ဆောင်ရွက်ခဲ့သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ဈ)ဖြင့် လည်းကောင်း၊ အောင်မင်းသူ(ခ)ကိုသူ(ဘ)ဦးထိန်ဝင်း အပါအဝင် ၈ ဦးသည် ဧပြီ ၂၈ ရက်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခြင်း၊ အုပ်ချုပ်ရေးမှူးရုံးများအား ဖောက်ခွဲဖျက်ဆီးခြင်း များကို ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ်၊(၂/၂၀၂၁)အရ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(က)ဖြင့် လည်း ကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ  ၂၃ ရက်တွင် ၎င်းတို့ ၂၉ ဦးအား “ထောင်ဒဏ်တစ်သက် ”ပြစ်ဒဏ်အား အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။