ဗန်းမော်မြို့နယ်၊ ညောင်ပင်ရပ်ကွက်ရှိ ဆေးရုံဝန်ထမ်းလိုင်းခန်းနှင့် မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၂၈)အခြေခံပညာအလယ်တန်းကျောင်းတို့အား အကြမ်းဖက်သမားများက လက်လုပ်မိုင်း များဖြင့် ဖောက်ခွဲဖျက်ဆီး
နေပြည်တော်၊ မတ် ၉
အစွန်းရောက်အကြမ်းဖက် သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်သော ပြည်သူ လူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူ များအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွား လာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ ဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။









