၂၀၂၂ - ၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
နေပြည်တော် ဇွန် ၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင် ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက်သင်ခန်းစာများ သင်ကြားပို့ချပေးလျက် ရှိသည်။
၂၀၂၂ - ၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
နေပြည်တော် ဇွန် ၂
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင် ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက်သင်ခန်းစာများ သင်ကြားပို့ချပေးလျက် ရှိသည်။
“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ
နေပြည်တော် ဇွန် ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ ရောက် ရှိနေသည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ၊ ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးလော့ယာကု ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာသွားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ဒေသကွပ်ကဲရေးမှူးအဆင့် အစည်းအဝေးကျင်းပပြုလုပ်
နေပြည်တော်၊ ဇွန်လ ၁ ရက်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ဒေသကွပ်ကဲရေးမှူးအဆင့် အစည်းအဝေးကို ယနေ့ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မြန်မာနိုင်ငံ၊ မောင်တောမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေး သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် ထက်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်၊ ဒေသကွပ်ကဲမှု ဌာနချုပ် (ကော့စ်ဘဇ္ဇား) မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် Najm-Us-Sakib ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၅၆ သိန်းကျော် ကျောင်းအပ်နှံ
နေပြည်တော်၊ ဇွန် ၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ကျောင်းအပ်စတင် လက်ခံသည့် မေ ၂၆ ရက်မှ ယနေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၅၆၀၉၆၇၆ ဦး ရှိကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ပညာရေးဝန်ထမ်းများအား သွားရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ ဇွန် ၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ် ကျောင်းဆောင် အစည်းအဝေးခန်းမအား မေ ၃၁ ရက်တွင် PDF အမည်ခံအကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် ပညာရေးဝန်ထမ်း ၁ ဦး သေဆုံး၍ အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။
KNDF အမည်ခံအကြမ်းဖက်အဖွဲ့အစည်းတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဝါဒဖြန့်မှု လုပ်ငန်းများဆောင်ရွက်နေသည့် တာဝန်ခံတစ်ဦးအား ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် - ၁
ကယားပြည်နယ်၊ လွိုင်ကော်မြို့အဝင် စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ မေ ၂၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ဒီးမော့ဆိုမှ လွိုင်ကော်မြို့ ဘက်သို့ မောင်းနှင်းလာသည့် Hijet အမျိုးအစား (အဖြူရောင်) မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်တွင် နေထိုင်သည့် အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်နေသူ တစ်ဦးဖြစ်သည့် ဖေမောင်စိမ်း(ဘ)ဦးဖေသိန်း အား ဖမ်းဆီးရမိခဲ့သည်။
ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇွန် ၁
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ နယ်မြေခံတပ်ရင်း၌ နွေစပါးစိုက်ပျိုးထားရှိမှု၊ တစ်သျှူး ငှက်ပျောခြံ၊ နှစ်ရှည်စားသုံးသီးနှံပင်များ၊ ရာသီသီးနှံစိုက်ခင်းများ၊ နေဗီယာမြက် စိုက်ခင်းနှင့် အေဇိုလာရေညှိကန်၊ ဉစားကြက်မွေးမြူထားရှိမှု၊ DYL ဝက်မွေးမြူထား ရှိမှု၊ ဆိတ်မွေးမြူထားရှိမှု၊ ကျွဲမွေးမြူထားရှိမှု၊ နို့စားနွားနှင့် ဒေသနွားမွေးမြူထားရှိမှု အခြေအနေများကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံတွင် ရုံးပတီစိုက်ပျိုးထားရှိမှု၊ သင်္ဘောစိုက်ပျိုးထားရှိမှု၊ ခရမ်းစိုက် ပျိုးထားရှိမှု၊ မြေအစားထိုးဓာတုကင်းလွတ်ဟင်းသီးဟင်းရွက် စိုက်ပျိုးထားရှိမှု၊ ဉစား ကြက်မွေးမြူထားရှိမှု၊ နို့စားနွားမွေးမြူထားရှိမှု၊ ဆိတ်မွေးမြူထားရှိမှုနှင့် စပါးခွံ ဘိုကာရှီ မြေဆွေးမြေဩဇာပြုလုပ်ထားရှိမှုအခြေအနေများကို အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင် နှင့် အဖွဲ့ဝင်များက လည်းကောင်း ယနေ့တွင် အသီးသီးသွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
နေပြည်တော်၊ ဇွန် ၁
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့
(၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်
နေပြည်တော်၊ ဇွန် ၁