news

ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်များနှင့် ဘာသာရေး အဆောက်အဦ များအား PDF အကြမ်းဖက်အဖွဲ့များက  ထပ်မံမီးရှို့ဖျက်ဆီး

နေပြည်တော်၊ နိုဝင်ဘာ - ၂၅

         အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အကြမ်းဖက် သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဉပဒေစိုးမိုးမှုကို ပျက်ပြား စေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ လမ်း၊ တံတားဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ ကို မီးရှို့ဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

NUG အကြမ်းဖက်အဖွဲ့၏ ထောက်ပံ့စေခိုင်းမှုဖြင့် KNU နယ်မြေအချို့တွင် အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းများ ဖွင့်လှစ်

နေပြည်တော်၊ နို ၂၅

               CRPH/NUG အကြမ်းဖက်အဖွဲ့အစည်းတို့မှ နိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်း များဆောင်ရွက်ရန်နှင့် အကြမ်းဖက် PDF များ ဖွဲ့စည်းနိုင်ရန်အတွက် NLD ပါတီဝင်/ အမာခံများ၊ CDM ပြုလုပ်သူများနှင့် အစွန်းရောက်လူငယ်များအား စည်းရုံးလှုံ့ဆော်၍ KNU အဖွဲ့လှုပ်ရှားရာ နယ်မြေများအတွင်း ဖောက်ခွဲဖျက်ဆီးရေးနှင့် အကြမ်းဖက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ ၎င်းနောက် သင်တန်းတက်ရောက် ပြီးသူများအား နိုင်ငံအတွင်း မြို့ကြီးများသို့စေလွှတ်၍ အကြမ်းဖက်လုပ်ငန်းများ ညွှန်ကြားဆောင်ရွက်စေလျက်ရှိကြောင်း သိရှိရသည်။

ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ နိုဝင်ဘာ- ၂၅

          အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ဆည်းကပ်ရာ ရဟန်း သံဃာတော်များ၊ အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၊ အေးချမ်းစွာနေထိုင်သော ပြည်သူများကို ရက်စက်ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ် ခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေး အဆောက်အဦများ၊ နေအိမ်အဆောက်အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြေတုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လက်လုပ်မိုင်းစမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား ပြီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ

နေပြည်တော်၊ နိုဝင်ဘာ - ၂၅

         ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၈ ရပ်ကွက်၊ တပင် ရွှေထီးလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ အိမ်အမှတ်(၂၂)၌ လက်လုပ်မိုင်းစမ်းသပ် ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ သည်။

ရေးမြို့နယ်၌ ဘဏ္ဍာငွေများတင်ဆောင်လာသည့်မော်တော်ယာဉ်များအား လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက လုယက်ယူဆောင်ရန် လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးကာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ နိုဝင်ဘာ ၂၅

             မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ဘဏ္ဍာငွေများတင်ဆောင်လာသည့်မော်တော်ယာဉ်များအား လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက လုယက်ယူဆောင်ရန် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးကာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်ရှိ CDF လက်နက်ကိုင်အကြမ်းဖက်အဖွဲ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့အား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ နိုဝင်ဘာ ၂၅

             ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ CDF လက်နက်ကိုင်အကြမ်းဖက်အဖွဲ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့အား နိုဝင်ဘာလ ၂၃ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အကြမ်းဖက်သမားများက ၎င်းတို့နှင့် ခံယူချက်ခြင်းမတူတော့ဘဲ အကြမ်းဖက်အဖွဲ့များနှင့် လမ်းခွဲခဲ့သည့် မြို့နယ်အချို့ရှိ NLD ပါတီဝင်များနှင့် ငွေကြေးထောက်ပံ့ပေးနေသူများအား လုပ်ကြံသတ်ဖြတ်

နေပြည်တော်၊ နိုဝင်ဘာ ၂၅

             စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အကြမ်းဖက်သမားများက ၎င်းတို့နှင့် ခံယူချက်ခြင်း မတူတော့ဘဲ အကြမ်းဖက်အဖွဲ့များနှင့် လမ်းခွဲခဲ့သည့် မြို့နယ်အချို့ရှိ NLD ပါတီဝင်များနှင့် ငွေကြေးထောက်ပံ့ပေးနေသူများအား နိုဝင်ဘာလ ၂၃ ရက်နေ့က လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

             ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ သာယာအေးကျေးရွာနေ NLDပါတီဝန်းရံသူဖြစ်သော ဦးမြင့်ဝင်း(၅၈)နှစ် (ဘ) ဦးသာအေးသည် မိသားစုနှင့်အတူ ၎င်း၏နေအိမ်၌ရှိနေစဉ် အင်ဘုတ်ကျေးရွာနေ ထွန်းတောက်ဇေယျ (၂၂)နှစ် (ဘ) ဦးလှညိုနှင့် မျိုးဦး (၃၆)နှစ် (ဘ)ဦးမင်းဝေ တို့ဦးဆောင်သည့် PDF လက်နက်ကိုင် အကြမ်းဖက်သမား(စိစစ်ဆဲ)တို့က နေအိမ်အတွင်းဝင်ရောက်ကာ တူမီးသေနတ်များဖြင့်ပစ်ခတ်ကာ ဓားများဖြင့်ဝိုင်းဝန်းထိုးခုတ်ခဲ့မှုကြောင့် ဦးမြင့်ဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်နန်းအေး (၅၇)နှစ် (ဘ) ဦးတင်အောင်၊ သမီးများဖြစ်ကြသော မယဉ်နွယ်ခိုင် (၃၄)နှစ် (ကိုယ်ဝန်ဆောင်)၊ မလဲ့လဲ့ခိုင်(၂၆)နှစ် နှင့် မခင်ထားနွယ် (၂၅)နှစ်တို့ ၅ ဦးမှာ တူမီးကျည်ထိမှန်ဒဏ်ရာများ၊ ထိုးသွင်း၊ ပြတ်ရှဒဏ်ရာ များဖြင့် နေအိမ်အတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကပိုင်ဘဏ်များ ပျက်စီးဆုံးရှုံးခဲ့ရ

နေပြည်တော်၊ နိုဝင်ဘာ - ၂၅

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသ များတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကပိုင် ဘဏ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ နိုဝင်ဘာ - ၂၅

         ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၂၄ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၉ ဦး၊ အမျိုးသမီး ၉၉ ဦး စုစုပေါင်း ၂၂၈ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၂၅ ဦး၊ စုစုပေါင်း ၆၇ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၁ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၃၂ ဦး၊ အမျိုးသမီး ၁၉၅ ဦး၊ စုစုပေါင်း ၄၂၇ ဦးတို့ကိုလည်းကောင်း အသီးသီးလက်ခံခဲ့ကြ သည်။