သတင်းထုတ်ပြန်ချက်
နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြင်သစ်ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့၊ ပြင်သစ်သံရုံး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတို့၏ တာဝန်မဲ့ ပြောဆိုချက်၊ ထုတ်ပြန်ချက်များအပေါ် ပြင်းထန်စွာကန့်ကွက်
နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဖြိုးဇေယျာသော်နှင့် ကျော်မင်းယုတို့အပါအဝင် အကြမ်းဖက်သမားလေးဉီးအား ပြစ်ဒဏ်ချမှတ်ခဲ့မှုနှင့်ပတ်သက်၍ ပြင်သစ်ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့၊ ပြင်သစ်သံရုံးတို့၏ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်က ထုတ်ပြန်ချက်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူ၏ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃ ရက်က ထုတ်ပြန်ချက်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ၏ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်က ထုတ်ပြန်ချက်များကို ရည်ညွှန်းဖော်ပြအပ်သည်။






















