news

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များအစည်းအဝေးတက်ရောက်ကြ သည့်အာဆီယံနိုင်ငံများမှ တပ်မတော်ထောက်လှမ်းရေးမှူးချုပ် များနှင့်နိုင်ငံအလိုက်သီးခြားစီတွေ့ဆုံ

နေပြည်တော်၊ မတ်-၁၆

(၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး(19th ASEAN Military Intelligence Meeting-AMIM-19)တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့တပ်မတော်မှ  တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် မတ်လ၁၄ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံမှ Lieutenant General Hun Manith ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလည်းကောင်း၊ မတ်လ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံမှ Lieutenant General Natee Wongissares ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဗီယက်နမ်နိုင်ငံမှ Lieutenant General Le Hona Son ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မလေးရှားနိုင်ငံမှ  Lieutenant General Datuk Ahmad Norihan Bin Jalal ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လာအိုနိုင်ငံမှ Colonel Phimmachanh VONGPANNA ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ဝင်တို့နှင့်  သီးခြားစီတွေ့ဆုံသည်။

(၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ကျင်းပပြုလုပ်

နေပြည်တော်၊ မတ် - ၁၆

          (၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး ကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဉက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပွဲတော်ကျင်းပရေးကော်မတီ ဉက္ကဋ္ဌ ဦးခွန်ဝင်းကို၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)အတွင်းရေးမှူး ဦးခွန်သိန်းဖေ နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

PDF အမည်ခံ အကြမ်းဖက်သမားများက ကန့်ဘလူမြို့နယ်၊ (၁၁)ပေါက်ကျေးရွာအနီး မန္တလေး- မြစ်ကြီးနားကားလမ်းမကြီးပေါ်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ကာ တူမီးသေနတ်များဖြင့်ပစ်ခတ်ခဲ့သဖြင့် အမျိုးသား ၂ ဦးသေဆုံးကာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ မတ် ၁၆

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ (၁၁) ပေါက်ကျေးရွာအနီး မန္တလေး- မြစ်ကြီးနား ကားလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား မတ်လ ၁၅ ရက် ညပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ကာ တူမီးသေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ အပါအဝင် အမျိုးသား ဦး သေဆုံးပြီး အမျိုးသား ဦးနှင့် အမျိုးသမီး ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမားများမှ ခင်ဦးမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ရှိ အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မတ် ၁၆

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်သမားများက ခင်ဦးမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ရှိ ကျေးရွာအချို့တွင် နေထိုင်ကြသည့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်း သိရ သည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ မတ် - ၁၆

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၄ ဦး၊ အမျိုးသမီး ၇၄ ဦး၊ စုစုပေါင်း ၁၉၈ ဦးတို့ကို လက်ခံခဲ့ကြသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ မတ် - ၁၆

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ “Hana Microfinance” အသေးစားချေးငွေရုံးမှ ဝန်ထမ်း အမျိုးသမီးအား သေနတ်ဖြင့် ခြိမ်းခြောက်၊ ငွေတောင်းခံ ပစ်ခတ်မှုဖြစ်ပွား

နေပြည်တော်၊ မတ် ၁၆

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၆)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းသွယ်ရှိ “Hana Microfinance” အသေးစားချေးငွေရုံးခန်းသို့ မတ်လ ၁၅ ရက် မွန်းလွဲ ၁နာရီခွဲခန့်တွင် အကြမ်းဖက် သမား ၂ ဦး ဝင်ရောက်လာပြီး ငွေကိုင်ဝန်ထမ်း မသီရိထွန်း (၂၉)နှစ်အား  သေနတ်ဖြင့် ပစ်ခတ်သွား သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ကလေးအကျဉ်းထောင်တွင် အကျဉ်းသား၊အချုပ်သား ၅၀ ဦးခန့်မှ အကျဉ်းထောင်တာဝန်ခံအရာရှိအပါအဝင် အရာရှိ ဦးအား ဓားစာခံပြုလုပ်၍ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်ကြိုးစားမှုဖြစ်ပွား

နေပြည်တော်၊ မတ် ၁၅

                  ကလေးအကျဉ်းထောင်၌ ယနေ့ညနေပိုင်းတွင် အကျဉ်းထောင်တာဝန်ခံအရာရှိနှင့် ဒုတိယတာဝန်ခံအရာရှိတို့ ၂ ဦး ဦးဆောင်သည့် ဝန်ထမ်းများမှ စည်းကမ်းထိန်းသိမ်းရုံး၌ လုံခြုံရေးကိစ္စရပ်များပြောဆိုနေစဉ် အမှတ်(၅)အိပ်ဆောင်မှ အချုပ်သား ဗန်ဒိန်း (ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့် အင်အား ၅၀ ဦးခန့်မှ အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ၊ ဒုတိယတာဝန်ခံအရာရှိ ဦးစီးအရာရှိ ဦးချိုမင်းလတ်နှင့် ဒုကြီးကြပ်ရေးမှူး ဦးရန်ပိုင်မျိုး တို့ ၃ ဦးအား ဓားစာခံပြုလုပ်၍ အကျဉ်းထောင်အတွင်းမှ ထွက်ပြေး လွတ်မြောက်ရန် ကြံစည်ကြိုးစားမှု ဖြစ်ပွားခဲ့သည်။

 

နေပြည်တော်၊ မတ် - ၁၅

ကမ္ဘောဒီးယားနိုင်ငံတွင် ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဉီးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စား လှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ် သူရလှမင်း တို့လိုက်ပါ၍  ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားအထူးတပ်ဖွဲ့ Special Forces Command သို့ သွာရောက်လေ့လာကြသည်။