news

 

နေပြည်တော်၊ ဒီဇင်ဘာ - ၆

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူ များ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့အား ဇဗ္မူသီရိမြို့နယ်(သီးသန့်) တရားရုံးကချမှတ်ထားသော သတ်မှတ်ပြစ်ဒဏ်များအား လျှော့ပေါ့လွတ်ငြိမ်းသက်သာခွင့်ဆောင်ရွက်ပေး

နေပြည်တော်၊ ဒီဇင်ဘာ ၆

          နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်(သီးသန့်) တရားရုံးတွင် တရား ရင်ဆိုင်လျက်ရှိသည့် ဦးဝင်းမြင့်သည် ပြစ်မှုဆိုင်ရာအမှုကြီးအမှတ် ၃၆/၂၀၂၁ ဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ကို ဖောက်ဖျက်ကျူးလွန် ခဲ့ကြောင်း ပြစ်မှုထင်ရှားစီရင်ပြီး ထောင်ဒဏ်(၂)နှစ်ကိုလည်းကောင်း၊ ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၃၅/၂၀၂၁ ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ပုဒ်မခွဲ(ခ)ကို ဖောက်ဖျက် ကျူးလွန်ကြောင်း  ပြစ်မှုထင်ရှားစီရင်ပြီး ထောင်ဒဏ်(၂)နှစ်ကိုလည်းကောင်း ကျခံစေရန် အတွက် ယနေ့တွင် ပြစ်ဒဏ်များချမှတ်ခဲ့သည်။

 

နေပြည်တော်၊ ဒီဇင်ဘာ ၆

            မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ်မီးရှို့ခဲ့မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ မီးလောင်သေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ ဒီဇင်ဘာ - ၆

          အကြမ်းဖက်အဖွဲ့များအနေဖြင့် အများပြည်သူ အသုံးပြုလျက်ရှိသည့် ကားလမ်း၊ ရထားလမ်းများကို မိုင်းထောင်၊ ဖောက်ခွဲဖျက်ဆီးလျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ ရန်ကုန် မန္တလေး မီးရထားလမ်း၊ မိုင်တိုင်(၃၆၄/၅)နှင့် မိုင်တိုင် (၃၆၄/၆)အကြား၌ ဒေသန္တရလက်လုပ်မိုင်း ၂ လုံး ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

 

နေပြည်တော်၊ ဒီဇင်ဘာ - ၆

          ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်းကျေးရွာနေ ဦးဖိုးဇော်ပိုင်ဆိုင်သည့် အောင်သစ္စာ အမည်ရှိ ငါးဖမ်းလှေသည် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၁၈ ဒသမ ၅ မိုင် အနီး၌ စက်ချို့ယွင်းမှုကြောင့် ပုလဲကျောက်တန်းပေါ်သို့တင်၍ တိမ်းစောင်းမှု ဖြစ်ပွားနေကြောင်း သတင်းအရ တပ်မတော်(ရေ)မှ တပ်မတော်သားများက စစ် ရေယာဉ်ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက် ပေးသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၌ တရားမဝင်ခွင့်ပြုချက်မဲ့ ဆူပူဆန္ဒပြ မှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲထိန်းသိမ်းခြင်းများ ဆောင်ရွက်မှုအပေါ် မဟုတ်မမှန်သတင်းဖြန့်လွှင့်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်

နေပြည်တော်၊ ဒီဇင်ဘာ - ၆                                                     

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်း(တောင်/ အနောက်)ရပ်ကွက်၊ ပန်းပင်ကြီးလမ်း၌ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် တရားမဝင်ခွင့်ပြုချက်မဲ့ လူတစ်စုမှ ဆူပူအော်ဟစ်မှုများပြုလုပ်နေကြောင်း ဆူပူမှုကို မလိုလားသော ပြည်သူအချို့၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သွားရောက်၍ လူစုခွဲထိန်းသိမ်းဆောင်ရွက်ခဲ့ရာ ဘိုဘိုစံ(၂၀) နှစ်(ဘ)ဦးမြင့်နိုင်၊ မောင်ကောင်း(၂၆)နှစ်(ဘ)ဦးမျိုးလင်း၊ ကျော်ဇင်ခန့်(၂၀)နှစ်(ဘ) ဦးအောင်ဇော်ထွန်း၊ အာကာကျော်(၁၉)နှစ်(ဘ)ဦးဇာနည်ထွန်း၊ ကိုကိုနိုင်(၂၀)နှစ် (ဘ)ဦးမျိုးစိန်၊ မင်းမင်းဦး(၂၆)နှစ်(ဘ)ဦးဝင်းဦး၊ မင်းဟိန်းခန့်(၂၁)နှစ်(ဘ) ဦးတင်သန်း၊ စည်သူ(၂၈)နှစ်(ဘ)ဦးစိုးမြင့်၊ ကရေဇင်(ခ)မှူးရတနာ (၂၅)နှစ်(ဘ) ဦးတင်လှအောင်၊ မြကြူကြူသင်း(၂၉)နှစ်(ဘ)ဦးကျော်မင်းအောင်နှင့် ယဉ်မေအောင် (၁၅)နှစ် (ဘ) ဦးဇာနည်ထွန်း တို့အား ဖမ်းဆီးရမိခဲ့သည်။

အာဆီယံ-ရုရှား ရေတပ်ဆိုင်ရာလေ့ကျင့်ခန်း ASEAN-RUSSIA Naval Exercise (ARNEX-2021) သို့ တက်ရောက်ခဲ့သော တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား) ပြန်လည်ရောက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၆

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကမ်းလွန်ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက် အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ-ရုရှား ရေတပ်ဆိုင်ရာလေ့ကျင့်ခန်း ASEAN-RUSSIA Naval Exercise(ARNEX-2021)သို့ တက်ရောက်ခဲ့သော တပ်မတော်(ရေ)မှ ဗိုလ်မှူးချုပ် ဇော်ဇော်လတ် ဦးဆောင်သည့် စစ်ရေယာဉ် (ကျန်စစ်သား)သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိခဲ့ပြီး အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာန ချုပ်၊ ဌာနချုပ်မှူး ဦးဆောင်၍ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ် ဆက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း အကြမ်းဖက်သမားများနှင့် လက်နက်/ခဲယမ်းများ ပို့ဆောင်ပေးလျက်ရှိသည့် တရားခံများအား  ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ-

                 အကြမ်းဖက်အဖွဲ့အစည်းများမှ  နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိက ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီး မှုများ ဆောင်ရွက်လျက်ရှိရာ  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် လုံခြုံရေးပူးပေါင်း အဖွဲ့သည် ပုသိမ် မြို့နယ်အတွင်း အကြမ်းဖက်သမားများနှင့် ချိတ်ဆက်ဆောင်ရွက် နေသည့် စိုးပိုင်ဦး(၃၅)နှစ်နှင့် အောင်ကျော်(၅၆)နှစ်တို့ ၂ ဦးအား ပုသိမ်မြို့နယ်၊ (၉)ရပ်ကွက်၊ သင်္ဘောကျင်းတွင် ဖမ်းဆီးရမိခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်

နေပြည်တော်၊ ဒီဇင်ဘာ ၅

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးစိန်သန်းနှင့် အလုပ်အမှုဆောင်များအား ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ ရင်းရင်းနှီးနှီး တွေ့ဆုံ ခဲ့ပြီး စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်သည်။