အကြမ်းဖက်အဖွဲ့များ၏ ဘာသာရေးအပေါ် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှုများအား ထပ်မံဖြစ်ပွားမှုမရှိစေရေး တိုင်းရင်းသား ပြည်သူ လူထုတစ်ရပ်လုံးက အင်တိုက်အားတိုက် ပူးပေါင်းပါဝင်တားဆီးကြရန် မေတ္တာ ရပ်ခံ
နေပြည်တော်၊ ဒီဇင်ဘာ - ၈
CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းများကို စတင်လုပ်ဆောင်ရန် စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် အချို့ဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ်များကို ဦးတည် လုပ်ဆောင်လျက်ရှိသည်။ ထို့သို့ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက် ရှိရာ ဒေသခံပြည်သူများ၏ လမ်းပမ်းဆက်သွယ်ရေးနှင့် ကျန်းမာရေးကိစ္စရပ် များအပြင် ဘာသာရေးအရ ကိုးကွယ်ဆည်းကပ်လျက်ရှိသည့် ရဟန်းသံဃာများကိုပင် အကြမ်းဖက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချ လုပ်ဆောင်လျက်ရှိသည်။


















