news

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 မုံရွာမြို့အတွင်း လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်ဖောက်ခွဲရေး ဆောင်ရွက်ခဲ့သော  MHG အကြမ်းဖက်အဖွဲ့ဝင်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ- ၈

                 မုံရွာမြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေးနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ခဲ့သည့် MHG အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော သီဟ (ခ)သီဟအောင် (၃၀)နှစ်၊ အိတုံ(၁၉)နှစ်နှင့် သက်နိုင်းကိုကို(၂၂)နှစ်တို့ ၃ ဦးအား မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၌ Bretta ပစ္စတို ၁ လက်၊ Sigsauer ပစ္စတို ၁ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၁၀ တောင့်၊ လက်လုပ်ဗုံး ၂ လုံး၊ လက်လုပ် သေနတ်ပြောင်း သံပိုက် ၄ ချောင်းတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်အား နိုဝင်ဘာလ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။