news

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဗိုလ်ချုပ်ကြီး(ဟောင်း)ဦးတင်ဦး၊ ဗိုလ်ချုပ်ကြီး(ဟောင်း)ဦးခင်ညွန့်စည်သူဘိုကလေးတင့်အောင်တို့အားသွားရောက်တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာ အခြေအနေများအား မေးမြန်းအားပေးစကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်ဩဝါဒါစရိယ၊အင်းစိန်ရွာမဆရာတော်ဘုရားကြီးအားသွားရောက်ဖူးမြော်ကြည်ညို၍လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၊ဗုဒ္ဓဘာသာသာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများတင်ပြလျှောက်ထား

နေပြည်တော်၊ ဒီဇင်ဘာ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင် စု ဝန်ကြီးများဖြစ်ကြသည့်  ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ အင်းစိန်ရွာမဆရာတော် ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ စာသင်တိုက် ကြီးတွင် သီတင်းသုံးတော်မူ လျက်ရှိသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် စာသင်သား သံဃာတော်များအတွက်  တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ က ဆန်၊ ဆီ၊ ဆား နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။

ကြည့်မြင်တိုင်မြို့နယ်အတွင်း လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိ

နေပြည်တော်၊ ဒီဇင်ဘာ - ၅

          ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မန်ကျီးတန်းတောင်အရှေ့ရပ်ကွက်၊ ပန်းပင်ကြီးလမ်းနှင့် အထက်ကြည့်မြင်တိုင်လမ်းထောင့်၌ ယနေ့နံနက်ပိုင်းတွင်  လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၌ တရားမဝင်ခွင့်ပြုချက်မဲ့ ဆူပူ ဆန္ဒပြမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲထိန်းသိမ်းခြင်းများ ဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ - ၅                                                    

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ YBS ခရီးသည်တင်ယာဉ် ၁ စီးအား အကြမ်းဖက်သူ အမျိုးသား ၄ ဦးက သေနတ်ဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဒီဇင်ဘာ ၅

            ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ YBS ခရီးသည်တင်ယာဉ် ၁ စီးအား အကြမ်းဖက်သူ အမျိုးသား ၄ ဦးက သေနတ်ဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

မြို့နယ်အချို့၌ မြို့နယ်တရားရုံးနှင့် စာသင်ကျောင်းတို့အား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက အကြောင်းမဲ့မီးရှို့ဖျက်ဆီးမှု

နေပြည်တော်၊ ဒီဇင်ဘာ ၅

            မြို့နယ်အချို့၌ မြို့နယ်တရားရုံးနှင့် စာသင်ကျောင်းတို့အား အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များက အကြောင်းမဲ့မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဒီဇင်ဘာ - ၅

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာ - ၅

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၀၉ ဦး၊ အမျိုးသမီး ၂၀၄ ဦး၊ စုစုပေါင်း ၄၁၃ ဦးတို့ကို လက်ခံခဲ့ကြသည်။