news
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့
အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်
ဒီဇင်ဘာလ(၉)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား တက်ရောက်လာကြသော ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သအပ်ပါ တယ်။
အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမ များ၏ နာသုံးနာ လက်ကိုင်ထား၍ ကျောင်းသား၊ ကျောင်းသူများအပေါ် မိဘသဖွယ်စိတ်ဓာတ်ဖြင့် သင်ကြားရေးတာဝန်ထမ်းဆောင်နေမှုအား အသိအမှတ်ပြုသတင်းထုတ်ပြန်ခြင်း
မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တော အနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ် ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိ ရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများသည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ် ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီး ကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေ သူများ ဖြစ်ပါသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၉
အကြမ်းဖက်သမားများအနေဖြင့် ကျောင်းသူ၊ ကျောင်းသားများ စာပေသင်ကြားခွင့်မရရှိ စေရေးအတွက် ပညာရေးဝန်ထမ်းများအား ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်မှုများ၊ အနီးကပ် လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်ခြင်း၊ စာသင်ကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လူအင်အားဖြင့် စီးနင်း၍ ကျောင်းဆောင်များနှင့် ပရိဘောဂပစ္စည်းများအား ဖျက်ဆီးခြင်း၊ ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းစွာ စာပေသင်ကြားနိုင်ရေးအတွက် အနီးကပ် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းများ ပြုလုပ် လျက်ရှိသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက လမ်းပန်း ဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်၍ ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ ကြောင်း သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ - ၉
ချင်းပြည်နယ်၊ ထန်တလန်မြို့၊ မြို့မရဲစခန်းအနီးသို့ ဒီဇင်ဘာ ၈ ရက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းသမားအင်အား ၃၀ ဉီးခန့်က အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်ရန် ချဉ်းကပ်လာရာမှ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီ ၁၀ မိနစ်တွင် အကြမ်းဖက်သမားများသည် အရှေ့ဘက်သို့ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ ဆုတ်ခွာထွက်ပြေးသွားသည့် အကြမ်းဖက်သမားများသည် အမှတ်(၂)ရပ်ကွက်အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ခြင်း ကြောင့် ညနေ ၆ နာရီ ၁၅ မိနစ်မှ ယနေ့ နံနက် ၁ နာရီ ၅ မိနစ်အထိ ရပ်ကွက် အတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ - ၉
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိသည်။
နေပြည်တော်၊ ဒီဇင်ဘာ - ၉
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူ များ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

































































