တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ
နေပြည်တော်၊ စက်တင်ဘာ - ၂၄
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ
နေပြည်တော်၊ စက်တင်ဘာ - ၂၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိအောက်ဆီဂျင်ထုတ်လုပ်သည့်စက်များ ထုတ်လုပ် လည်ပတ်နေမှုအခြေ အနေများအားကြည့်ရှု
နေပြည်တော်၊ စက်တင်ဘာ - ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၅/၂၀၂၁)သို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် စက်တင်ဘာ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၅/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
မြောက်ဉက္ကလာပမြို့နယ်၊ သုန္ဒာမီးပွိုင့်နှင့် ဂုံးကျော်တံတားအောက် မိုင်းထောင်ဖောက် ခွဲ ခဲ့သည့် တရားခံများအား မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၄
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေးနှင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဟိန်းကျော်လွင် အပါ တရားခံကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့အား ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၅၈ တောင့်၊ C4 ယမ်းမှုန့် ၅၀ သားနှင့် အခြားဖောက်ခွဲရေးပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်အား ဩဂုတ်လ ၂၈ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Air ကမ္ဘောဇလေကြောင်းလိုင်းမှ ATR-72 လေယာဉ်များနှင့် လေယာဉ်လိုက်ပါ စီးနင်းသော အပြစ်မဲ့ခရီးသည်များ ထိခိုက်ပျက်စီးသေကြေစေရန်အတွက် Pitot Tube အတွင်း သစ်ရွက်များထည့်ကာ အဖျက်လုပ်ငန်းကျူးလွန်ခဲ့သည့် တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၂၄
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်တွင် အဲယားကမ္ဘောဇလေကြောင်းလိုင်းမှ ဝန်ထမ်းများသည် ရန်ကုန်-ဟဲဟိုး ခရီးစဉ်ပျံသန်းပြေးဆွဲရန်အတွက် ATR-72-600 လေယာဉ်အမှတ်(XY-AMP)အား မပျံသန်းမီစစ်ဆေးခြင်း(Pre Departure Inspection) ဆောင်ရွက်ခဲ့ရာ လေယာဉ်၏ညာဘက် Pitot Tube နှင့် ဘယ်ဘက် Pitot Tube များ အတွင်းမှ သစ်ရွက်များ တွေ့ရှိခဲ့သဖြင့် ခရီးစဉ်အား ATR-72-600 လေယာဉ်အမှတ် (XY-AMO) ဖြင့် ပြောင်းလဲ၍ ပျံသန်းခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၂၃
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၉ ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဓမ္မာရုံရှေ့၌ ရပ်တန့်ထားသော ယာဉ်အမှတ် BGO 6R/8847 ၊ Spark (အဖြူရောင်) ယာဉ်အား မသင်္ကာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ စစ်ဆေးခဲ့ရာ စက်တင်ဘာလ ၁၃ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉) ရပ်ကွက်၊ ဆယ်အိမ်မှူး ဦးနိုင်လင်း အား လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်သည့် တရားခံများဖြစ်သော ဟိန်းထက်အောင်(ခ)ဈာန်ရဲ(၁၉)နှစ်၊ သန့်ဇင်(၁၆)နှစ်နှင့် အောင်ကိုဦး (၁၆)နှစ် တို့ ၃ ဦး အား ဖမ်းဆီးရမိခဲ့သည်။
နေပြည်တော်၊ စက်တင်ဘာ- ၂၃
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သရက်တောကျေးရွာအနီးရှိ သရက်တော စစ်ဆေးရေးဂိတ်၌ မင်းတပ်မြို့ရှိ အကြမ်းဖက် CDF (Chinland Defense Force)အဖွဲ့ များအား ထောက်ပံ့ပေးနေသော အေးငြိမ်းသူထံသို့ လက်နက်ခဲယမ်း၊ ငွေကြေး၊ ဆေးရုံသုံး ပစ္စည်းများနှင့် ဆေးဝါးများ ပို့ဆောင်ပေးနေသူ ကျော်ဌေးအား စက်တင်ဘာလ ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။
နေပြည်တော်၊ စက်တင်ဘာ - ၂၃
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။
နေပြည်တော်၊ စက်တင်ဘာ - ၂၃
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြုစေရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။