news

Information sheet Myanmar and English (4-4-2022)

ကော့ကရိတ်မြို့နယ်၊ တောနော်ရေတံခွန်အနီး၌ အကြမ်းဖက်အဖွဲ့များက မော်တော် ယာဉ်များအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဧပြီ ၄

          ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောနော်ရေတံခွန်၏ အရှေ့မြောက် ဘက် မီတာ ၁၀၀၀ ခန့်အကွာနေရာ၌ ကုန်တင်ယာဉ်များအား မီးရှို့ထားကြောင်း နှင့် ယာဉ်များ ပိတ်ဆို့နေကြောင်း သတင်းအရ နယ်မြေလုံခြုံရေးဆောင်ရွက်‌နေ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီခန့်တွင်  သွားရောက်၍ လုံခြုံရေးလုပ်ငန်းများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပုံမှန်သွားလာနိုင်ရေး   ဆောင်ရွက်ပေးစဉ် တောနော်ရေတံခွန်၏ အရှေ့တောင် ဘက်မီတာ ၉၀၀ ခန့်အကွာနေရာမှ KKO ခွဲထွက်အဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်က လက်ဖြောင့်သေနတ်များ အပါအဝင် လက်နက်ကြီး/လက်နက်ငယ် များဖြင့် ချောင်းမြောင်းနှောင့်ယှက်ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ရာ  အကြမ်းဖက်အဖွဲ့များသည် တောင်ဘက်သို့ ဆုတ်ခွာထွက် ပြေးသွားခဲ့သည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ ဧပြီ - ၄

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၀၇ ဦးနှင့် အမျိုးသမီး  ၇၀ ဦး၊ စုစုပေါင်း ၁၇၇ ဦးတို့ကို အသီးသီးလက်ခံခဲ့ကြသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဧပြီ - ၄

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ

သတင်းထုတ်ပြန်ချက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်၊ ၂၁ ဖြင့် ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေအား အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါဥပဒေသည် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက် နေ့မှစတင်၍  အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ

သတင်းထုတ်ပြန်ချက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်၊ ၆ ဖြင့် ၂၀၂၂  ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအား အတည်ပြုထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဥပဒေသည် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ အကျိုးသက်ရောက် မည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ

သတင်းထုတ်ပြန်ချက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်၊ ၅ ဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအား အတည်ပြု ထုတ်ပြန် ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါဥပဒေသည် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက် နေ့မှစတင်၍  အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင်မော်တော်ယာဉ်အား လက်လုပ်မိုင်း လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ခရီးသည် သံဃာတော် ပါး၊ ယာဉ်မောင်း ဦးနှင့် ယာဉ်နောက်လိုက် ဦးတို့ ဒဏ်ရာရရှိ

နေပြည်တော်၊ ဧပြီ ၄

            နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ် ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။

PDF အမည်ခံ အကြမ်းဖက်သမားများက အခြေခံပညာကျောင်းများအား လက်လုပ်မိုင်းများဖြင့် နှောင့်ယှက်ဖောက်ခွဲ

နေပြည်တော်၊ ဧပြီ ၄

            နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် ကဏ္ဍ တစ်ခုတွင်ပါဝင်သော ပညာရည်မြင့်မားရေး၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထူးအလေးထားဆောင်ရွက် လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားသည့်ကာလအတွင်း အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များကို ခေတ္တပိတ်ထားခဲ့ရသဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ် များ၏ ပညာရေးနှောင့်နှေးခဲ့ရမှုအပေါ် နိုင်ငံတော် အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ ကုစားဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန အောက်ရှိ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် နှင့် မူလတန်းအဆင့် ကျောင်းများအား ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ သည်။ ထို့ပြင် အခြေခံပညာရေးမှ အဆင့် မြင့်ပညာရေးသို့ တက်ရောက်ရန် အရေးပါသည့် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း အောင်မြင်စွာကျင်းပနိုင်ရေး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ မိဘများနှင့် နိုင်ငံတော်အစိုးရတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။