နေပြည်တော်၊ ဒီဇင်ဘာ-၂၂
CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထု အထိန့်တလန့်ဖြစ်စေရန်အတွက် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများ နှင့် ဆရာတော်သံဃာတော်များပါမကျန် လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိ သည့်အပြင် အချို့ကျေးရွာများအတွင်း ဝင်ရောက်၍ အကြမ်းဖက်အဖျက်အမှောက်လုပ်ရပ် များကို လုပ်ဆောင်လျက်ရှိသဖြင့် အများပြည်သူ အေးချမ်းတည်ငြိမ်စွာနေထိုင်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့်လုံခြုံ ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။





































































