news

ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံရုံးမိသားစုဝင်များနှင့်
သံတမန်မိသားစုများ ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေကစားမဏ္ဍပ်၌ မြန်မာ့ရိုးရာအတာရေသဘင်ပွဲ ပျော်ရွှင်စွာ လာရောက်ဆင်နွှဲ

ရန်ကုန် ဧပြီ ၁၅

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး၊ H.E.Mr.Jong Ho Bom ဦးဆောင်သောရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံရုံးမိသားစု ဝင်များနှင့် သံတမန်မိသားစုများသည် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ သံတမန် ရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ (သင်္ကြန်အကြတ်နေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေကစား မဏ္ဍပ်၌ မြန်မာရိုးရာ အတာရေသဘင်ပွဲတော်ကို ပျော်ရွင်စွာ လာရောက် ဆင်နွှဲကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ    ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ - ၁၅

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အကြတ်နေ့ ဖြစ်သည့် ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းကျောင်း များနှင့် တပ်ရင်း၊ တပ်ဖွဲ့များ၏ မိသားစုရေသဘင်မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲတော် ဆင်နွဲနေမှုများကို သွားရောက် ကြည့်ရှုအားပေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ    ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ - ၁၄

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အကျနေ့ ဖြစ်သည့် ယနေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစု ရေသဘင် မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲတော် ဆင်နွဲနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ချို့၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကျောင်းထိုင် ဆရာတော် ပါးနှင့် ဒုလ္လဘရဟန်း ပါးအား သေနတ်များဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်

နေပြည်တော်၊ ဧပြီ ၁၄

            နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ် ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာ လုပ်ဆောင်လျက်သည်ကို တွေ့ရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ ရေကစားမဏ္ဍပ်များသို့ သွားရောက် ကြည့်ရှုအားပေး

နေပြည်တော်၊ ဧပြီ - ၁၄

          မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် အကျနေ့ ဖြစ်သော ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ ရေကစားမဏ္ဍပ် များ၌ သင်္ကြန်ချစ်သူ ပြည်သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက မဟာသင်္ကြန် ရေသဘင်ပွဲအား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဧပြီ - ၁၄

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများဆောင်ရွက်မည့် အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီလ ၁၄ ရက်

                 နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များမှ ပြည်သူလူထုအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်အတွက် နိုင်ငံတော်အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်း၊ သင်္ကြန်ကာလအတွင်း အပြစ်မဲ့ပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေရန် ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ် ဖမ်းဆီးခြင်းများအား နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိသည်။

လေးကေ့ကော်မြို့သစ်အတွင်း PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ခိုအောင်း နေထိုင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက သွားရောက်၍ လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဧပြီ - ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အား ငြိမ်းချမ်းရေးရလာဒ်၏ ပြယုဂ်တစ်ခုအဖြစ် တည်ဆောက်ခဲ့ပြီး ဒေသခံပြည်သူလူထုများအနေဖြင့် အေးချမ်းတည်ငြိမ်စွာ နေထိုင်လျက်ရှိသော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား မလွှဲမရှောင်သာ တာဝန်ယူထိန်းသိမ်းဆောင်ရွက်လျက်ရှိစဉ် KNU/KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားပြီး NCA ကို ဖျက်ဆီးစေလိုသည့် ခေါင်းဆောင်တစ်ချို့ ပါဝင်သောအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက လေးကေ့ကော်မြို့သစ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာအောက်၌ ခိုအောင်းပြီး အကြမ်းဖက်မှုများကို အားပေးအားမြှောက်ပြုလုပ်လျက်ရှိသဖြင့် တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံး အပတ်တွင် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီး ဒေသခံပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။