မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန် ကျောင်း ၂ ကျောင်းအား လက်လုပ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲဖျက်ဆီး
နေပြည်တော်၊ ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန် ကျောင်း ၂ ကျောင်းအား လက်လုပ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ လက်လုပ်မိုင်းအသုံးပြု၍ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၂၅ ရက် နံနက် ၉ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့၊ အောင်တော်မူရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းအား ကျောင်းရှေ့လမ်းပေါ်မှ ဆိုင်ကယ်မောင်းနှင် လာသည့် အကြမ်းဖက်သမား ၁ ဦးက လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ ကျောင်းဝင်းအတွင်းရှိ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ သွပ်မိုး၊ အုတ်ခင်း၊ အုတ်ကာ ကျောင်းဆောင်ရှိ သတ္တမတန်းစာသင်ဆောင်ရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်းဆောင်၏ မျက်နှာကျက် ၁၀ ချပ်နှင့် ပြတင်းတံခါးမှန် ၂၀ ချပ်တို့ ကွဲအက်ပျက်စီးခဲ့ ကြောင်း သိရသည်။
























































































































































































































































