မန္တလေးမြို့ ရတနာပုံဥယျာဉ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်
မန္တလေး ဧပြီ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၏လမ်းညွန်မှုဖြင့် အများပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူ အပန်းဖြေ နိုင်ရေးအတွက် ရတနာပုံဥယျာဉ်ကြီးအား ရည်မှန်းချက်ကြီးကြီးဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂ ရက် မှ စတင်ဆောက်လုပ်ခဲ့ရာ ၂၀၂၂ ခုနှစ် ဧပြီလ ၉ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည့်အတွက် ယနေ့မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် တန်ခူး လဆန်း ၁၃ရက် ၊ ခရစ်နှစ် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက် တွင် ကျရောက်သော မြန်မာရိုးရာသင်္ကြန်အကြိုနေ့ မင်္ဂလာနံနက်ခင်းအချိန်တွင် ရတနာပုံ ဥယျာဉ်ဖွင့်ပွဲ အခမ်းအနားကို အဆိုပါဥယျာဉ်တည်ရှိရာ နန်းမြို့ရိုးနှင့်ကျုံးရေပြင်ကြားတွင် အောင်အောင်မြင်မြင်နှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
































