ငွေကျပ်သိန်းပေါင်း ၃၀၀၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင် လာသူများအား ဖမ်းဆီးရမိခဲ့သည့် ပဲပဒုံပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုငွေချီးမြှင့်
နေပြည်တော်၊ ဧပြီ - ၆
ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ပဲပဒုံပူးပေါင်းစစ်ဆင်ရေးဂိတ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ဧပြီ ၅ ရက်တွင် ယာဉ်အဝင်/ အထွက်များ စစ်ဆေးစဉ် ရန်ကုန်မှ စစ်တွေသို့ ယာဉ်မောင်းဖြစ်သူ ရခိုင်ပြည်နယ်၊ ဘူးသီး တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ဇော်မျိုးသန်း(ဘ)ဦးစိန်သန်းနှင့် ယာဉ်နောက် လိုက်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ မေယု (၃)လမ်း၊ အမှတ်(၁၀၅)နေ သိန်းသန်းမြင့်(ဘ)ဦးမြင့်သူ တို့မောင်းနှင်းလာသည့် NISSAN DIESEL (UD) အဖြူ/ အပြာ မော်တော်ယာဉ်အမှတ်၊ 5K/------ အား ရပ်တန့်စစ်ဆေးစဉ် ယာဉ်ပေါ်၌ အဝတ်အစား (ဘေထုပ်) ပီနံအိတ်(၁၀၀)လုံးခန့် အတွင်းမှ အဝတ်အစားများဖြင့် ညှပ်၍ စနစ်တကျ ထုတ်ပိုးထားသည့် ခန့်မှန်းကာလ တန်ဖိုး ကျပ်သိန်းပေါင်း ၃၀၀၀၀၀ ကျော်ရှိသော WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား တစ်ထုပ်လျှင် ဆေးပြား ၅၀၀၀၀ ခန့်ပါ အထုပ် ၃၀၀ ထုပ်၊ ဆေးပြား စုစုပေါင်း ၁၅၀ သိန်းအား သိမ်းဆည်းရမိခဲ့သည်။























