ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဥကရစ်ထ စစ်ဆင်ရေးခြေကုတ်စခန်းသို့ အင်အားအလုံးအရင်းဖြင့် အကြိမ်ကြိမ်လာရောက်တိုက်ခိုက်သည့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးလျက်ရှိ
နေပြည်တော် ဇွန် - ၂၉
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်၏ ဥကရစ်ထ စစ်ဆင်ရေးခြေကုတ်စခန်းသို့ ဇွန် ၂၆ ရက်မှ စ၍ PDF အမည်ခံအကြမ်းဖက် သမားများနှင့် KNLA ပူးပေါင်းအဖွဲ့တို့မှ အင်အားအလုံးအရင်းဖြင့် နေ့စဉ် အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်။
ထိုကဲ့သို့ အကြမ်းဖက်သမားများအနေဖြင့် သာလွန်အင်အားအသုံးပြု၍ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် နေ့စဉ် အကြိမ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့သော်လည်း စခန်းရှိ အရာရှိ၊ စစ်သည်များ၏ ရဲဝံ့စွန့်စားသည့် စိတ်ဓာတ်ဖြင့် စနစ်တကျ တန်ပြန်ခုခံပစ်ခတ်မှုများကြောင့် စခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အကြမ်းဖက် သမားများ အနေဖြင့် အကျအဆုံးများစွာရှိခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။ ယနေ့တွင်လည်း အကြမ်းဖက်သမားများသည် စခန်းအား သိမ်းပိုက်ရရှိနိုင်ရေး အင်အား များ ထပ်မံဖြည့်တင်းပြီး ၈ ကြိမ်တိုင်တိုင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ကူ ပစ်အား အသုံးပြု၍ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။






















