Tuesday, August 30, 2022 - 15:45
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထံကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (United Nations Food and Agriculture Organization – FAO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ခန့်အပ်လွှာပေးအပ်
နေပြည်တော် ဩဂုတ် ၃၀
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထံ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (United Nations Food and Agriculture Organization- FAO) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Yuka Makino က ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ဂါရဝပြုတွေ့ဆုံပြီး ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်သည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။