နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်
နေပြည်တော်၊ ဇွန် - ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘော ဒီးယားနိုင်ငံက ဦးစီးကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး (16th ADMM)သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၊ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် တို့နှင့်အတူ ပါဝင်တက်ရောက်ကြသည်။


















