အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ နေပြည်တော်၊ ဩဂုတ် ၂၆

Friday, August 26, 2022 - 14:45

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ် မြို့နယ်၊ အလယ်ကွျန်းနယ်မြေနေ ရန်ပိုင်ဦး၊ ဘုရားကိုင်ရပ်ကွက်နေ နိုင်ရဲလင်း(ခ)နိုင်ငံ၊ ကလွင် ကျေးရွာနေ ကျော်ဝေဦး(ခ)သားကြီး၊ မြို့မ(၁)ရပ်ကွက်နေ အောင်ချမ်းသာ၊ ဘုရားကိုင်ရပ်ကွက်နေ သူရိန်လင်း(ခ)သားကြီးပုတ်၊ မြိတ်မ(၁)ရပ်ကွက်နေ ဝေယံဦး(ခ)အော်ငယ်တို့သည် ၎င်းတို့အသုံးပြု သည့် “Yan Paing Oo” Facebook အကောင့်၊ “Naing Ye Linn” Facebook အကောင့်၊ “Kyaw Wai Oo” Facebook အကောင့်၊ “Aung Chang Thar” Facebook အကောင့်၊ “Thu Rain Linn” Face book အကောင့်၊ “Wai Yan Oo” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွာဘဲ ရပ်ကွက်နေ မေဝတီအောင်သည် ၎င်းအသုံးပြုသည့် “May Watti Aung” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်နေ ဟိန်းထက်နိုင်(ခ)တိုက်ဂါး (ခ)ဝသုန်၊ ကျော်ဝင်းထွန်း၊ ကောင်းထက်စံ၊ ညီညီမောင်တို့သည် ၎င်းတို့အသုံးပြုသည့် “Hein Htet Naing” Facebook အကောင့်၊ “Kyaw Win Htun” Facebook အကောင့်၊ “Kaung Htet Sann” Facebook အကောင့်၊ “Nyi Nyi Maung” Facebook အကောင့်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၅) ရပ်ကွက်နေ ယွန်းအိမ်ချမ်းမြေ့(ခ)Marry သည် ၎င်းအသုံးပြုသည့် “Marry” Facebook အကောင့်၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(တောင်)ရပ်ကွက်နေ ဟိန်းဇော်အောင်(ခ)ဟိန်းဇော်၊ လင်းသန့်၊ ဗိုလ်ဗိုလ်ကျော်(ခ)ဘော်ဘီတို့သည့် ၎င်းတို့းအသုံးပြုသည့် “Hein Zaw” Facebook အကောင့်၊ “Linn Thant” Facebook အကောင့်၊ “Bobby” Facebook အကောင့်၊ ခရမ်းမြို့နယ်၊ အမှတ်(၁၁) ရပ်ကွက်နေ ဝေဖြိုးကျော်၊ မောင်မောင်သန့်ဇင်မိုး(ခ)မောင်တီး၊ ထွန်းထွန်းဝင်း၊ သက်ထွန်းဦး၊ မောင်မောင်သန်း၊ ကောင်းမြတ်တင်စိုးတို့သည် ၎င်းတို့အသုံးပြုသည့် “Wai Phyo Kyaw” Facebook အကောင့်၊ “Mg Tee” Facebook အကောင့်၊ “Htun Htun Win” Facebook အကောင့်၊ “Thet Tun Oo” Facebook အကောင့်၊ “Mg Mg Than” Facebook အကောင့်၊ “Kaung Myat Tin Soe” Face book အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရေပြာကျေးရွာနေ မေသူဇော်သည် ၎င်းအသုံး ပြုသည့် “May Thu Zaw” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၆) ရပ်ကွက်နေ မိုးကျော်ထွန်းသည် ၎င်းအသုံးပြုသည့် “Moe Kyaw Htun” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်နေ ဝါဝါစိုး(ခ)လင်းခေတ်သည် ၎င်း အသုံးပြုသည့် “Lynn Khit” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

          ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။