ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် မိမိတို့ နိုင်ငံနှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင်ကျင့်သုံးရမည် နေပြည်တော်၊ ဩဂုတ် - ၂၉

Monday, August 29, 2022 - 16:30

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် မိမိတို့ နိုင်ငံနှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင်ကျင့်သုံးရမည်

နေပြည်တော်၊ ဩဂုတ် - ၂၉

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

          အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ တက်ရောက်ကြပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အဖွဲ့ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း နှင့် ဗဟိုအလုပ်အမှုဆောင် စဝ်ဆောင်းဟန် တို့ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ တော်၏ တာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း ငြိမ်းချမ်းရေးခြေလှမ်းသစ်ကို စတင်ဖော်ဆောင်ရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အဖွဲ့သည် ပထမဆုံး လာရောက်ဆွေးနွေးခဲ့သည့်အဖွဲ့ဖြစ်ပြီး ပထမအကြိမ်ဆွေးနွေးမှု၌ အပြု သဘောဆောင်သည့် ဆွေးနွေးမှုရလာဒ်ကောင်းများကို ဖော်ဆောင်နိုင်ခဲ့သည့် အခြေ အနေများ၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးမျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) တို့ကိုအခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းဆွေးနွေး ပြောကြား သည်။

ထို့နောက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များက ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက် ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဖက်ဒရယ်စနစ်ကျင့်သုံး ဆောင်ရွက်ရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊  ပြည်သူလူထု တို့၏ လူနေမှုဘဝမြှင့်တင်ရေး၊ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများပပျောက်ရေး ဆိုင်ရာများ၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သဘောထားအမြင်များကို တင်ပြဆွေးနွေးသည်။

ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်၏ ပထဝီဝင်အနေအထားအရ အရေးပါမှု နှင့် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးဆောင်ရွက်နေသည့် အခြေအနေများ၊  ကမ္ဘာပေါ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးဆောင်ရွက် သည့်နိုင်ငံ အများအပြားရှိကြပြီး မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထား၊ အမျိုးသားရေး စရိုက်လက္ခဏာ၊ ယဉ်ကျေးမှုတို့နှင့် ကိုက်ညီသည့် ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင် ကျင့်သုံး ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများ၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသား အရင်းအမြစ်များ ပြည့်စုံရန် မဖြစ်မနေလိုအပ်မည်ဖြစ်ပြီး ပညာတတ်များ ပေါကြွယ်ဝမှသာ လျင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ တိုင်းရင်းသားဒေသ များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေး လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားပြီး ငြိမ်းချမ်း ရေး ဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍  နှစ်ဖက် အမြင် များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အဖွဲ့ဥက္ကဋ္ဌ တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ပြီး စုပေါင်း ဓာတ်ပုံရိုက်ကြ သည်။

အဆိုပါ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အဖွဲ့ ဥက္ကဋ္ဌ ဦးဆောင် သည့် အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့် ကောင်စီ ဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ညှိနှိုင်းရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။