news

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဧပြီ ၂၄

              အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

              ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်း ဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

              ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာနေသူများဖြစ်သည့် မြမြဦး(၃၉)နှစ်၊ မျိုးကြည်(ခ) မီးမီး (၅၇)နှစ်၊ ချိုမာ (၄၀)နှစ်၊ ပိုပိုချော (၄၆)နှစ်နှင့် သဇင်အောင် (၃၃)နှစ်တို့ ၅ ဦးသည် ၎င်းတို့အသုံးပြုသည့် “Mya Mya Oo”၊ “Mee Mee”၊ “Cho Mar”၊ “Po Po Chaw” နှင့် “Tha Zin Aung” Facebook အကောင့်များ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကျောင်းဆိုးကျေးရွာနေ သန်းတိုးအောင် (၁၉)နှစ်သည် ၎င်းအသုံးပြုသည့် “Than Toe Aung” Facebook အကောင့်၊ ရေတာရှည်မြို့နယ်၊ နတ်စင်ကုန်းကျေးရွာနေ တင်တင်ဝေ (၂၅)နှစ်သည် ၎င်းအသုံးပြုသည့် “Tin Tin Wai” Facebook အကောင့်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အောင်စည်ဖြိုး (၃၄)နှစ်သည် ၎င်းအသုံးပြုသည့် “Austin Phyo” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

တပ်မတော်ဆေးတက္ကသိုလ်၏ (၁၁) ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

နေပြည်တော် ဧပြီ ၂၄

တပ်မတော်ဆေးတက္ကသိုလ်၏ (၁၁) ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော် ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်မင်းဦး၊ တပ်မတော် ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်း၊ တပ်မတော် ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့အပ်နှင်းခံရမည့် အရာရှိကြီးများ၊ အရာရှိများနှင့်၎င်းတို့၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

အစီအစဉ်အရ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ် နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ် နေရာများတွင် နေရာယူကြပြီးနောက် မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော် သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ မော်ကွန်းထိန်းက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။

ဆက်လက်၍ ပါမောက္ခချုပ်က ပါရဂူဘွဲ့ ၄၇ ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၃၇ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ ၂၄ ဦး၊ စုစုပေါင်း ၁၀၈ ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။ ထို့နောက် ပါမောက္ခချုပ်က အွန်လိုင်းစနစ် ဖြင့် ဘွဲ့ယူမည့် ပါရဂူဘွဲ့ တစ်ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ ၅၆ ဦး၊ ဆေးပညာ သင်ကြားရေးဘွဲ့လွန်ဒီပလိုမာဘွဲ့ ၄ ဦး၊ စုစုပေါင်း ၆၁ ဦးတို့အား ဘွဲ့ချီးမြှင့် အပ်နှင်းကာ ဘွဲ့ရသူများအား ဘွဲ့များနှင့်လျော်ညီသော အဆောင်အယောင် အမှတ် လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းကြောင်းကြေညာကာ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမ မှ ပြန်လည်ထွက်ခွာသွားကြသည်။

တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ယနေ့အချိန်အထိ ဆေးပညာမဟာ သိပ္ပံဘွဲ့ ၂၄၉၀ ဦး၊ ဆေးလက်တွေ့နှင့် ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ ၂၀၇ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာ ၂၆၈ ဦး၊ ဆေးပညာဘွဲ့လွန် ဒီပလိုမာ ၂၆၉ ဦးတို့အား ဘွဲ့များပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။ လက်ရှိဆေးပညာမဟာ သိပ္ပံဘွဲ့လွန် အမှတ်စဉ်(၂၇)တွင် သင်တန်းသားအရာရှိ ၅၈ ဦး၊ အမှတ်စဉ်(၂၈)တွင် သင်တန်းသားအရာရှိ ၂၀၁ ဦး၊  အမှတ်စဉ်(၂၉)တွင် သင်တန်းသားအရာရှိ ၃၀၄ ဦး၊ စုစုပေါင်းဘွဲ့လွန်သင်တန်းသားအရာရှိ ၅၆၃ ဦး သင်တန်းတက်ရောက်နေဆဲဖြစ် ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဧပြီ ၂၃

              အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

ရန်ကုန် ဧပြီ ၂၃

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်လူနာများကို  တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ဌင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်ရောဂါကာကွယ် ဆေးများကို သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။   

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ ဧပြီ - ၂၃

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၂၂ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၃၆ ဦး၊ အမျိုးသမီး ၁၃၁ ဦး၊ စုစုပေါင်း ၂၆၇ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၁၆ ဦး၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၃ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီ မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၄၄ ဦး၊ အမျိုးသမီး ၁၀၉ ဦး၊ စုစုပေါင်း  ၂၅၃ ဦးတို့ကိုလည်းကောင်း အသီးသီး လက်ခံခဲ့ကြ သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဧပြီ - ၂၃

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ပင်လယ်ဘူးမြို့တွင် NLD ပါတီ ထောက်ခံသူအစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့၊ မိုင်းထောင် ဖောက်ခွဲမှုများကြောင့် လုံခြုံစိတ်ချရ သောနေရာများတွင် နေထိုင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများ ထောက်ပံ့ ပေးအပ်

နေပြည်တော်၊ ဧပြီ - ၂၃

          စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ်အတွင်း NLD ပါတီ ထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့၊ မိုင်းထောင်ဖောက်ခွဲမှုများကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရပြီး မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံစိတ်ချရသည့်နေရာများတွင် ခေတ္တ နေထိုင်နေကြရသူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသ များတွင် ပြန်လည်နေထိုင်နိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

လှိုင်သာယာ(အရှေ့ပိုင်း)နှင့်(အနောက်ပိုင်း)မြို့နယ်များအတွင်း အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော်၊ ဧပြီ - ၂၃

          ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ ကျော်စိုးထက်(ခ)ကျော်စိုး(ခ)ကျောင်းဆရာ(ဘ)ဦးအောင်အောင် နှင့် ရဲရင့်ထူး(ခ) ရဲကြီး(ဘ) ဦးစန်းထွန်း တို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခဲ့ခြင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်အနီးရှိ ရဲကင်းစခန်းအပါအဝင် အများပြည်သူများ သွားလာလျက်ရှိသည့် နေရာများအား လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် လည်း ကောင်း၊ အဆိုပါရပ်ကွက်နေ ဌေးသန္တာ(ခ)ဌေးစန္ဒာ(ခ)ဌေးဌေး(ဘ)ဦးဘို သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြမှုများတွင်ပါဝင်ခြင်း၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် ကျော်စိုးထက်(ခ)ကျောင်းဆရာမှ ပေးအပ်သည့် လက်လုပ်မိုင်းများအား လက်ခံ သိမ်းဆည်းပေးခြင်းနှင့် အကြမ်းဖက်သင်တန်းတက် ရောက်ရန် ငွေကြေးထောက်ပံ့မှု များကို လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ် တစ်သက်” ပြစ်ဒဏ်ကို အသီးသီးအမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။

 

အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများ က ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ် ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမ များအား အကြမ်းဖက်ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည်ကို တွေ့ရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဒုတိယ ကျောင်းအုပ်ဆရာကြီးဖြစ်သည့် မြဝတီရပ်ကွက်နေ ဦးသောင်းတင်ထွန်း (၅၅)နှစ် (ဘ) ဦးကျော်ဝင်း သည် ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် မုံရွာ-ရေဦးကားလမ်းဘေးရှိ ၎င်း၏နေအိမ်ရှေ့၌ ဖွင့်လှစ်ထား သည့် တော်ဝင်ထွန်းဈေးဆိုင်၌ရှိနေစဉ် အကြမ်းဖက်သမား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့က မော်တော်ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး အကြမ်းဖက်သမားအမျိုးသားက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့သဖြင့် ဦးသောင်းတင်ထွန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ၎င်းအား ဘုတလင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် ညနေ ၄ နာရီ ၅၀ မိနစ်တွင်  ရရှိခဲ့သည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသူအား လုပ်ကြံသတ်ဖြတ်ခဲ့ သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

 

 ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဟောင်း ဦးသောင်းထွန်း၏ ဆောင်ရွက်မှုများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ နှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်အရ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးသောင်းထွန်း သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်စဉ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် မင်္ဂလာ တောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းပေါ်ရှိ မြေဧက ၉.၂၂၀ အား ၎င်းနှင့်ပုဂ္ဂိုလ်ရေး ရင်းနှီးသော ပုဂ္ဂလိကကုမ္ပဏီ တစ်ခုသို့ တင်ဒါခေါ်ယူမှုမရှိဘဲ နှစ် ၃၀ ငှားရမ်းပေးခဲ့ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့်စပ်လျဉ်းသည့် မြေအသုံးပြုပိုင်ခွင့်အမိန့် ကြော်ငြာစာ) အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၁၁ နှင့် နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက် ၃/၂၀၁၈ ၌ ငှားရမ်းခအား နိုင်ငံပိုင်မြေ၊ အဆောက်အအုံများ တည်ရှိရာဒေသ၏ ကာလပေါက်ဈေးအတိုင်း သတ်မှတ် ရမည်ဟူသော ပြဋ္ဌာန်းချက်ကို လိုက်နာမှုမရှိခြင်း၊ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မှု မရှိခြင်း တို့ကြောင့် တစ်နှစ် အတွက် မြေငှားရမ်းခ အမေရိကန်ဒေါ်လာ ၁.၃ သိန်းကျော်နှင့် မြေ အသုံးချမှု ပရီမီယံကြေး အမေရိကန်ဒေါ်လာ ၈.၉ သန်းကျော် နစ်နာဆုံးရှုံးခဲ့ခြင်းတို့ ကြောင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀-၁၂-၂၀၂၁ ရက်နေ့၌ တရားစွဲဆိုတင်ပို့ ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၄၁/၂၀၂၁၊ ၄၂/၂၀၂၁ နှင့် ၄၃/၂၀၂၁ အထိ အမှု သုံးမှုဖြင့် လက်ခံ စစ်ဆေးခဲ့ပါသည်။

 ၎င်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်း အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အမှု သုံးမှုအတွက် စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် ၉ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။