နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား/သူများအား စနစ်တကျ လွှတ်ပေးခဲ့
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင် ကျရောက်သော စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အားဖြင့် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်၍ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက် ရှိသည့် အကျဉ်းသားများအနက် ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့်ပြင် စည်းကမ်းကောင်းမွန်စွာနေထိုင်ကြသော အကျဉ်း သား/သူ တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၂-၂-၂၀၂၂ ရက်စွဲပါ အမိန့် အမှတ်၊ ၁၅/၂၀၂၂နှင့် ၁၆/၂၀၂၂ တို့ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက် တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိ သော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့မှုအရ အင်းစိန်ဗဟို အကျဉ်းထောင်မှ သတ်မှတ် စည်းကမ်းနှင့် ကိုက်ညီသည့် နိုင်ငံသား အကျဉ်းသား (၈၂)ဦး၊ အကျဉ်းသူ (၈) ဦး၊ ပေါင်း(၉၀)ဦးနှင့် နိုင်ငံခြားသား(သီရိလင်္ကာနိုင်ငံသား) အကျဉ်းသား(၇)ဦး၊ စုစုပေါင်း(၉၇) ဦးတို့အား ယနေ့တွင် လွတ်မြောက်သူ အကျဉ်းသား/သူ တစ်ဦးချင်းအား အကျဉ်းထောင်မှတ်တမ်းနှင့် တိုက်ဆိုင် စစ်ဆေးကာ စနစ်တကျ လွှတ်ပေးခဲ့သည်။








