နေပြည်တော်၊ ဇန်နဝါရီ - ၃
ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တစ်ဝိုက် ရောက်ရှိနေသည့် NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ် ဖမ်းဆီးခဲ့ရာမှ စတင်၍ KNU/ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားပြီး NCA ကို ပျက်စီးစေလိုသည့် ခေါင်းဆောင်အချို့ပါဝင်သောအဖွဲ့၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါဒေသမှ အပြစ်မဲ့ပြည်သူများ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် လျက်ရှိသည်။











































































