news

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီ - ၆

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၅ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၀၂ ဦး၊ အမျိုးသမီး ၁၁၄ ဦး၊ စုစုပေါင်း ၂၁၆ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ  အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၂၅ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၂၉ ဦးတို့ကို အသီးသီးလက်ခံခဲ့ကြသည်။

ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထားစာရွက်စာတမ်းများ ပြုလုပ် ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကိုရှင်းလင်းပြောကြားခြင်း တို့ကိုစနစ်တကျဆောင်ရွက်ပေးပြီးတိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများကလိုအပ်သည်များကူညီဆောင်ရွက်ပေးကြသည်။

          ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများအားသက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကိုအဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။

 

နေပြည်တော်၊ ဇန်နဝါရီ ၅

            မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ စိုကန်ကျေးရွာရှိ “စိုကန်”ဘုန်းကြီးကျောင်းဝင်း အတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်ကာ ဘုန်းကြီးကျောင်းပိုင် မော်တော် ယာဉ်တစ်စီးအား သေနတ်၊ လက်လုပ်မိုင်းများဖြင့် ပစ်ခတ်၊ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

နေပြည်တော်၊ ဇန်နဝါရီ - ၅

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် စတင်တာဝန် ထမ်းဆောင်လျက်ရှိသည့် နည်းပြ၊ သရုပ်ပြသစ်လွင်များအား တွေ့ဆုံပွဲကို ယနေ့တွင် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ်၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နည်းပြ၊ သရုပ်ပြသစ်လွင်များတက်ရောက်ကြသည်။

 

နေပြည်တော်၊ ဇန်နဝါရီ - ၅

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းစစ်ဌာနချုပ်တို့ရှိ အစည်းအဝေး ခန်းမများ၌ ယနေ့တွင် ပြုလုပ်ကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

နေပြည်တော်၊ ဇန်နဝါရီ - ၅

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

 

နေပြည်တော်၊ ဇန်နဝါရီ - ၅

          ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၄ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၈ ဦး၊ အမျိုး သမီး ၈ ဦး၊ စုစုပေါင်း ၁၆ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၈၉ ဦး၊ အမျိုး သမီး ၃၀ ဦး၊ စုစုပေါင်း ၁၁၉ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။