KNPP နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ စီးနင်း လိုက်ပါလာသည့် အရပ်ဖက်လေယာဉ်တစ်စီးကို လွိုင်ကော်လေဆိပ်သို့ ဆင်းသက် စဉ် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက် နေပြည်တော်၊ စက်တင်ဘာ - ၃၀

Friday, September 30, 2022 - 07:45

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည် ချက် ၉ ရပ်ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပျက် ဆောင်ရွက် လျက်ရှိသည့်အပြင် ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများ ဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

          သို့သော် ကယားပြည်နယ်အတွင်းရှိ KNPP နှင့် PDF အမည်ခံအကြမ်းဖက် သမားများက နယ်မြေတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် စစ်ရေးနှင့်မသက် ဆိုင်သည့် အများပြည်သူများကို မကြာခဏ ချောင်းမြောင်းပစ်ခတ်ခြင်းနှင့် ဖောက်ခွဲ ဖျက်ဆီးမှုများကို ပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  ခရီးစဉ်အမှတ် UB – 149 ဖြင့် ရန်ကုန်- နေပြည်တော် - လွိုင်ကော်- ရန်ကုန် ခရီးစဉ်အဖြစ်ပြေးဆွဲသည့် မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA)မှ လေယာဉ်အမှတ် XY-AML ၊ လေယာဉ်အမျိုး အစား ATR-72(600) သည် ခရီးသည် ၆၃ ဦးတင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့ ၈ နာရီ ၄၅ မိနစ်ခန့်၌ ဆင်းသက်ရန် လေယာဉ် ဆင်းသက် ခြင်းလုပ်ငန်းစဉ်များအတိုင်း ပြုလုပ်လျက်ရှိစဉ် အမြင့်ပေ ၃၅၀၀ ခန့်၊  လေယာဉ်ပြေး လမ်း၏ မြောက်ဘက် ၄ မိုင်ခန့်အကွာသို့ ရောက်ရှိစဉ် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာလေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်အား ထိမှန် ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ညာဘက် ပါးတွင် ကျည်ထိမှန်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဒဏ်ရာရရှိခဲ့သည့် ခရီးသည်ကို လွိုင်ကော်ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူစေလျက်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက် အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။