နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည် ချက် ၉ ရပ်ချမှတ် ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပျက် ဆောင်ရွက် လျက်ရှိသည့်အပြင် နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့်လည်း ထာဝရ ငြိမ်းချမ်း ရေးရ ရှိစေရန်ရည်ရွယ်၍လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းအားလုံး ကို ကြိုတင် ကန့်သတ် ချက်မထားရှိဘဲလွတ်လပ်ပွင့်လင်းစွာဆွေးနွေးနိုင်ရေး ဖိတ်ခေါ် ထားရှိ သည်။ ထို့သို့ဖိတ်ခေါ်ခဲ့မှုကြောင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၁၀ ဖွဲ့ဖြင့် တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ပြီး ဆက်လက်၍လည်းဒုတိယအကြိမ်အဖြစ်အချို့ တိုင်းရင်းသားအဖွဲ့ များဖြင့်တွေ့ဆုံဆွေးနွေးလျက်ရှိသည်။ ထိုကဲ့သို့ထာဝရငြိမ်းချမ်းရေးရရှိအောင်ကြိုး ပမ်း ဆောင်ရွက်လျက်ရှိစဉ် AA အဖွဲ့အနေဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို လျစ်လျူရှု၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြား မှတ်တိုင် အမှတ် ဘီပီ-၄၀ ရှိနယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းအား ဩဂုတ်လ ၃၁ ရက် နံနက်ပိုင်းတွင် AA အဖွဲ့က သာလွန်အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ဖြစ်စဉ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တစ်လျောက် တရားမဝင်ကူး သန်းသွားလာမှုများ၊ မူးယစ်ဆေးဝါးနှင့်မှောင်ခိုပစ္စည်းများသယ်ယူဖြတ်သန်းခြင်းများ မရှိစေရေးနှင့် နယ်စပ်တစ်လျောက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး တို့ အတွက်မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့များကနေ့၊ညမပျက်လုံခြုံရေး လုပ်ငန်း များ ကိုဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိသည့် အပေါ် AA အဖွဲ့များ အနေဖြင့် နှစ်နိုင်ငံနယ်စပ်တစ်လျောက် မူးယစ်ဆေးဝါးနှင့် မှောင်ခိုပစ္စည်း များအပါအဝင် တရားမဝင်ကုန်ပစ္စည်းများသယ်ဆောင်ရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုများ ပျက်ပြားစေရန်ရည်ရွယ်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ များ အား ချောင်းမြောင်းတိုက်ခိုက် ခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ ဖြတ်တောက်ခြင်းများ ဆောင်ရွက် လာခဲ့ပြီး ဩဂုတ်လ ၃၁ ရက်နံနက်ပိုင်း တွင် နှစ်နိုင်ငံနယ်ခြားမှတ်တိုင်အမှတ် ဘီပီ- ၄၀ ရှိ အင်အားအနည်းငယ်သာရှိသော နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းအား သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ သည်။နယ်ခြားစောင့်ရဲတပ်ဖွဲ့များအနေ ဖြင့်ရဲဝံ့စွန့်စားစွာ ခုခံတိုက်ခိုက်ခဲ့သော် လည်း AA အဖွဲ့၏ မတန်တဆများပြားသော အင်အားအလုံးအရင်းဖြင့် အလစ်အငိုက် ရယူတိုက်ခိုက်ခဲ့ခြင်းကြောင့် စခန်းအား လက်လွတ် ဆုံးရှုံးခဲ့ရပြီး နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ကျဆုံးခဲ့ရသည်။ အဆိုပါ စခန်းအားပြန်လည် သိမ်းပိုက်ရရှိရေး စစ်ကူ ၊ ပစ်ကူရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရ အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အဘက်ဘက်မှ ကြိုးပမ်းနေစဉ်ကာလအတွင်း AA အဖွဲ့သည်နယ်စပ်ဒေသ တည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင်များ အားယခုကဲ့သို့ရက်စက်စွာတိုက်ခိုက်သတ်ဖြတ်လာမှု နှင့် ပတ်သက်၍ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ကာ ရရှိထားသော တည်ငြိမ်အေးချမ်းမှု ထိခိုက်ပျက်ပြားမည် ကိုစိုးရိမ်ထိတ် လန့်လျက် ရှိကြောင်း သတင်းရရှိသည်။