၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့်ပုံစံစာအိတ်ကို ဩဂုတ်လ (၁၈)ရက် (ကြာသပတေးနေ့) မှစ၍ ကိုယ်တိုင် ထုတ်ယူကြရန်ဖြစ်ပါသည်။ အဆိုပါ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ အိတ်ကို ဩဂုတ်လ (၁၈) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) ဖော်ပြပါတက္ကသိုလ်များတွင် လျှောက်ထား နိုင်ပါသည်-
(၁) |
မြစ်ကြီးနားတက္ကသိုလ် |
(၁၄) |
မန္တလေးအဝေးသင်တက္ကသိုလ် |
(၂) |
လွိုင်ကော်တက္ကသိုလ် |
(၁၅) |
မိတ္ထီလာတက္ကသိုလ် |
(၃) |
ဘားအံတက္ကသိုလ် |
(၁၆) |
ကျောက်ဆည်တက္ကသိုလ် |
(၄) |
ဟားခါးတက္ကသိုလ် |
(၁၇) |
မော်လမြိုင်တက္ကသိုလ် |
(၅) |
မုံရွာတက္ကသိုလ် |
(၁၈) |
စစ်တွေတက္ကသိုလ် |
(၆) |
ရွှေဘိုတက္ကသိုလ် |
(၁၉) |
တောင်ကုတ်တက္ကသိုလ် |
(၇) |
စစ်ကိုင်းတက္ကသိုလ် |
(၂၀) |
ရန်ကုန်အဝေးသင်တက္ကသိုလ် |
(၈) |
ထားဝယ်တက္ကသိုလ် |
(၂၁) |
တောင်ကြီးတက္ကသိုလ် |
(၉) |
တောင်ငူတက္ကသိုလ် |
(၂၂) |
လားရှိုးတက္ကသိုလ် |
(၁၀) |
ပြည်တက္ကသိုလ် |
(၂၃) |
ကျိုင်းတုံတက္ကသိုလ် |
(၁၁) |
ပဲခူးတက္ကသိုလ် |
(၂၄) |
ပုသိမ်တက္ကသိုလ် |
(၁၂) |
မကွေးတက္ကသိုလ် |
(၂၅) |
ဟင်္သာတတက္ကသိုလ် |
(၁၃) |
ပခုက္ကူတက္ကသိုလ် |
(၂၆) |
မအူပင်တက္ကသိုလ် |
သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီး ဌာန(ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားရမည်။
အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်)၊ သထုံလမ်း၊ ကမာရွတ် မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၁၇-၅၃၇၆၇၇ နှင့် ၀၁၇-၅၂၅၆၁၂၊ ၀၁၇-၅၀၃၁၄၇ သို့ ဆက်သွယ် စုံစမ်းနိုင်သည်။
ပညာရေးဝန်ကြီးဌာန