ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၃၆ / ၂၀၂၂ နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် (၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၅ ရက်)

Friday, August 5, 2022 - 16:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အမိန့်ကြော်ငြာစာအမှတ် ၃၆ / ၂၀၂၂

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ ဝါခေါင်လဆန်း ရက်

(၂၀၂၂ ခုနှစ်၊ သြဂုတ်လ ရက်)

 

၁။       မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန် လိုက်သည်။

၂။       မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်း၌နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြား သုံးငွေဖြင့်ရရှိသော နိုင်ငံခြားသုံးငွေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံခြားသုံးငွေများ ပြည်ပသို့ လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ကို (၃-၄-၂၀၂၂)ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပါသည်။

၃။       ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်း ကိုသာ အထက်ပါအပိုဒ်(၂)ပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဖြစ်ပါသည်။

၄။       ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

၅။ ဤအမိန့်ကြော်ငြာစာကို လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည်။

သန်းညိန်း

ဥက္ကဋ္ဌ