ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths ၏ ကြေညာချက်အပေါ် သတင်းထုတ်ပြန်ချက်
နေပြည်တော်၊ ဇန်နဝါရီ -၁
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်း ရေးမှူး Martin Griffiths က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် မြန်မာနိုင်ငံ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး ဖြစ်ပွားခဲ့သော အရပ်သားများ သေဆုံးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် အချက်(၅)ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။


























































